သတင်းများစွာ ထွက်နေတဲ့ iPhone 13 နဲ့ 13 mini ကို Apple က တရားဝင် ကြေညာလိုက်ပါပြီ။ ဒီဇိုင်းအပိုင်းမှာ အရင်မျိုးဆက်နဲ့ များစွာ ပြောင်းလဲသွားတာ မရှိဘဲ ထောင့်စွန်းတွေဟာ ကွေးညွှတ်ပါတယ်။ IP68 စံနှုန်း ပါလာပြီး Notch ဟာ ၂၀ ရာခိုင်နှုန်း ပိုသေးငယ်သွားပါတယ်။

Apple 13 and 13 mini official - smaller notch, A15 Bionic and new cameras with sensor shift

ဖုန်း ၂ လုံးစလုံးမှာ Super Retina XDR Panel တွေ ထောက်ပံ့ထားပြီး iPhone 13 mini မှာ ၅.၄ လက်မနဲ့ iPhone 13  မှာ ၆.၁ လက်မ မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်တွေဟာ ၂၈ ရာခိုင်နှုန်း ပိုတောက်ပလာပြီး အမြင့်ဆုံး အနေနဲ့ 800 nits Brightness ထောက်ပံ့ထားပါတယ်။ HDR Support ပါလာပြီး Dolby Vision ထည့်သွင်းထားပါတယ်။

Apple 13 and 13 mini official - smaller notch, A15 Bionic and new cameras with sensor shift

iPhone 13 နဲ့ 13 mini မှာ မပါလာတာက 120Hz Refresh Rate ဖြစ်ပြီး 60Hz ပဲ ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Apple A15 Bionic Chip မောင်းနှင်ထားပြီး စွမ်းရည်မြင့် CPU Core ၂ လုံးနဲ့ စွမ်းအင်စားသုံးမှု သက်သာတဲ့ Core ၄ လုံး ပါလာပါတယ်။ A15 မှာ Neural Engine Core ၁၆ လုံး ထည့်သွင်းထာပြီး On-device Voice နဲ့ Image Recognition ထောက်ပံ့ထားသလို Machine Learning အလုပ်တွေ လုပ်နိုင်ပါတယ်။

Apple 13 and 13 mini official - smaller notch, A15 Bionic and new cameras with sensor shift

iPhone 13 နဲ့ 13 mini ရဲ့ အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 12MP Main နဲ့ 12MP Ultrawide တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 12MP TrueDepth ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပြီး ဖရိမ်ထဲမှာ နေသားတကျရှိအောင် အလိုလို လုပ်ပေးနိုင်တဲ့ Centre Stage လုပ်ဆောင်ချက် ထောက်ပံ့ထားပါတယ်။

Apple 13 and 13 mini official - smaller notch, A15 Bionic and new cameras with sensor shift

iPhone 13 နဲ့ 13 mini ရဲ့ ဘက်ထရီတွေဟာ အရင်မျိုးဆက်ထက်ပိုကြီးလာပါတယ်။ Apple က ဘက်ထရီ ပမာဏကို ထုံးစံအတိုင်း မပြောသွားပါဘူး။ ဒါပေမယ့် အရင်မျိုးဆက်ထက် ဘက်ထရီသက်တမ်းဟာ ၂ နာရီခွဲနဲ့ ၁ နာရီခွဲ ပိုအသုံးခံမယ်လို့ ပြောပါတယ်။ စွမ်းအင် စားသုံးမှု သက်သာအောင် iPhone 13 မော်ဒယ်တွေမှာ မလိုအပ်ရင် 5G ကနေ LTE ကို ပြောင်းလဲပေးနိုင်ပါတယ်။

Apple 13 and 13 mini official - smaller notch, A15 Bionic and new cameras with sensor shift

iPhone 13 နဲ့ 13 mini ကို ဒီလ ၁၇ ရက်နေ့ Australia, Canada, China, Germany, India, Japan, UK နဲ့ US အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၂၄ ရက်နေ့ ပို့ဆောင်ပေးမှာပါ။ iPhone 13 နဲ့ 13 mini အတွက် 128GB , 256GB နဲ့ 512GB Storage ထည့်သွင်းထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်တွေအနေနဲ့ ၇၉၉ နဲ့ ၆၉၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၄ သိန်း ၈ သောင်းနဲ့ ၁၂ သိန်း ၉ သောင်း ကျသင့်မှာဖြစ်ပြီး Starlight, Midnight, Blue, Pink နဲ့ The (PRODUCT)RED Edition အရောင်တွေ ထုတ်လုပ်ထားပါတယ်။

ref : gsmarena