Apple ကနေ အခုအချိန်မှာ iPhone 13 Series ဖုန်းတွေကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။ အဆိုပါ iPhone 13 ဖုန်းတွေထဲမှာ အထူးသဖြင့် iPhone 13 Pro ဖုန်းတွေဟာ Camera ပိုင်း၊ Battery ပိုင်းအပြင် 120Hz Refresh Rate ပါဝင်လာတဲ့ ProMotion Feature ကလည်း အသစ်ပါဝင်လာတာဖြစ်ပါတယ်။

iPhone 13 Pro ဖုန်းတွေမှာပါဝင်လာတဲ့ ProMotion Display နည်းပညာဟာ 120Hz အနေနဲ့ တချိန်လုံးအလုပ်လုပ်နေမှာမဟုတ်ဘဲ Samsung ရဲ့ LTPO OLED Display ကို အသုံးပြုထားတာကြောင့် အသုံးပြုမှုပေါ်မှုတည်ပြီး 10Hz ကနေ 120Hz အတွင်း ဖော်ပြပေးနိုင်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ Apple iPhone 13 Pro Series မှာပါဝင်တဲ့ ProMotion Display ဟာ ကန့်သတ်ချက်တွေအများအပြားရှိနေပြီးတော့ App တော်တော်များများမှာ 120Hz ProMotion ကို Support ပြုလုပ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါသတင်းကို 9to5Mac ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Apple ဟာ iPhone 13 Pro ဖုန်းတွေမှာ Full-screen Transitions တွေဖြစ်တဲ့ App Switching ၊ Swiping Home လိုမျိုး နေရာတွေမှာပဲ 120Hz ကို Support ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ကျန်တဲ့ Animation တွေနဲ့ Application တွေမှာ 120Hz အစား 60Hz နဲ့ပဲ ဖော်ပြပေးနေတာဖြစ်ပါတယ်။

Apple ကတော့ အခုလိုမျိုး ဖြစ်ပွားနေတာကို သိရှီပြီးတော့ Games လိုမျိုး Application တွေမှာ 120Hz ကို အသုံးပြုနိုင်စေဖို့ ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ကျန်တဲ့ App တွေအနေနဲ့ 120Hz ကို အသုံးပြုနိုင်ဖို့အတွက် API အသစ်ကိုလည်း မကြာခင်မှာ Developer တွေကို ချပြပေးသွားမှာဖြစ်ပြီး System Animation တွေအနေနဲ့ 60Hz မှာပဲ အလုပ်လုပ်တာကို ဖြေရှင်းဖို့အတွက်လည်း Firmware Update ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena