Apple ဟာပြီးခဲ့တဲ့နှစ်တုန်းက iPhone 12 Series စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ iPhone 12 Series မှာ iPhone 12 Mini လိုမျိုး စျေးသက်သာပြီး Compact ဖြစ်တဲ့ဖုန်းတွေပါဝင်သလို 5G Network ကိုလည်း စတင် Support ပြုလုပ်လာတဲ့အတွက် အောင်မြင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စတုတ္ထ ၃ လပတ်အတွင်းမှာတင် iPhone 12 Series အလုံးရေ သန်း ၉၀ ခန့် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ အခုလည်း ၂၀၂၁ မှာမိတ်ဆက်လာမယ့် iPhone 13 Series ဖုန်းတွေအတွက် သတင်းအချို့ထွက်ပေါ်လာပါပြီ။

iPhone 13 ဖုန်းတွေအနေနဲ့ ယခု iPhone 12 Series လိုမျိုးပဲ ၄ မျိုးမိတ်ဆက်သွားမှာဖြစ်ပြီး Pro Series ဖုန်းတွေမှာ Internal Storage အနေနဲ့ 1TB အထိ တည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။ ဒါက iPhone တွေထဲမှာ Storage အများပြားဆုံး ဖြစ်လာမှာပါ။

အခုလိုမျိုး iPhone 13 Pro Series ဖုန်းတွေမှာ အမြင့်ဆုံး Storage ကို 1TB အထိ တိုးမြှင့်ထားမယ်ဆိုပေမယ့် Base Storage အနေနဲ့ကတော့တိုးမြှင့်လာမလားဆိုတာကိုတေ့ အတိအကျမသိရှိရသေးပါဘူး။ iPhone 13 Series ဖုန်းတွေဟာ ပိုသေးငယ်တဲ့ Notch Design ကို အသုံးပြုလာမှာဖြစ်သလို In-Display Fingerprint Sensor ကိုလည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး 1TB Storage အထိ ဝယ်ယူနိုင်မှာဖြစ်တဲ့အတွက် iPhone 13 Pro စမတ်ဖုန်းတွေဟာ ယခင်တုန်းကထက် Photos ၊ Video နဲ့ Data တွေပိုသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China