Apple ဟာ iPhone 13 Series ကို ဒီနှစ် စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး အခုတော့ TrendMicro က အဲဒီ ဖုန်းတွေရဲ့ ဘက်ထရီ ပမာဏနဲ့ ဈေးနှုန်းတွေကို သတင်းပေးလာပါတယ်။

Apple iPhone 13 to bring Potrait Mode and ProRes for videos

TrendMicro က iPhone 13 Series မှာ Hardware တွေ သိသိသာသာ အဆင့်မြှင့်ထားမှာ ဖြစ်ပြီး Chipset က 5nm+ Process နဲ့ တည်ဆောက်ထားတဲ့အတွက် အရမ်း မြန်သလို စွမ်းအင် စားသုံးမှု သက်သာစေမယ်လို့သိရပါတယ်။ Apple ရဲ့ A15 Bionic Chipset ကို အသုံးပြုထားနိုင်ပါတယ်။

Apple iPhone 13 series likely to get massive camera upgrades - check  details | Companies News | Zee News

အမေရိကန် ပြင်ပက နိုင်ငံတွေအတွက် mmWave 5G ထောက်ပံ့ထားမှာ ဖြစ်ပြီး ပိုကြီးတဲ့ ဘက်ထရီတွေ ထည့်သွင်းနိုင်အောင် Circuit တွေကို ပြင်ဆင်ထားမှာပါ။  25W Fast Charging ပါလာမှာ ဖြစ်ပြီး လက်ရှိ 22W Charging ထက် ပိုမြန်လာမှာပါ။ LiDAR System ပါလာနိုင်ပြီး Notch အရွယ်အစား သေးငယ်လာမှာပါ။ Pro Version မှာ 120Hz Refresh Rate ထည့်သွင်းထားနိုင်ပြီး Storage အပိုင်းမှာ 1TB အထိ ပါလာနိုင်ပါတယ်။

iPhone 13 Series ရဲ့ ဈေးနှုန်းဟာ လက်ရှိ iPhone 12 Series နဲ့ တူညီမယ်လို့ သိရပါတယ်။ iPhone 13 Series ကို  ထုံးစံအတိုင်း စက်တင်ဘာလမှာ ကြေညာနိုင်ပြီး iPhone 12 Series ကိုတော့ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလမှာ ၁ လနောက်ကျကာ ချပြခဲ့တာပါ။ COVID-19 ကပ်ရောဂါကြောင့် ဒီလို ၁ လနောက်ကျပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။

ref : gizmochina