Apple က iPhone 14 မှာ Emergency SOS via Satellite အမည်ရ ဂြိုလ်တု ဆက်သွယ်ရေးကို ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်က နယူးဇီလန်၊ Arthur’s Pass မှ လမ်းပျောက်နေတဲ့ တောင်တက်သမား ၂ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

iPhone 14 ရဲ့ ဂြိုလ်တု အခြေပြု SOS လုပ်ဆောင်ချက်ဟာ ဆယ်လူလာ ဆက်သွယ်မှု မရတဲ့ နေရာတွေမှာ အာဏာပိုင်တွေကို အသိပေးဆက်သွယ်နိုင်တာ ဖြစ်ပါတယ်။ နယူးဇီလန်က ဖြစ်ရပ်မှာ တောင်တက်သမား ၂ ယောက်ဟာ မြစ်ချောင်း တစ်ခုမှာ ပိတ်မိနေပြီး iPhone 14 ရဲ့ ဂြိုလ်တု ဆက်သွယ်ရေးနဲ့ ကယ်ဆယ်ရေး ဌာနတွေကို ဆက်သွယ်နိုင်ခဲ့ပါတယ်။

iPhone 14 Emergency SOS via satellite rescues US man : The Tribune India

စမတ်ဖုန်းတွေမှာ ဂြိုလ်တု ဆက်သွယ်ရေး ထည့်သွင်းပေးတာဟာ တော်တော် ရေပန်းစားလာပါတယ်။ Huawei ကလည်း ဂြိုလ်တု ဆက်သွယ်ရေးရဲ့ စွမ်းရည်ကို ပိုမို တိုးတက်အောင်ပြုလုပ်နေပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ Huawei Mate 60 Pro မှာ China Telecom သုံးစွဲသူတွေဟာ ဂြိုလ်တု ဆက်သွယ်ရေးနဲ့ စာပို့ရုံတင်မကဘဲ ဖုန်းပါ ပြောနိုင်လာပါတယ်။ Huawei ရဲ့ အဲဒီ လုပ်ဆောင်ချက်က စမတ်ဖုန်း လောကမှာ စွမ်းရည် အမြင့်ဆုံး ဖြစ်နေပါတယ်။

Apple iPhone 14 ရဲ့ ဂြိုလ်တု ဆက်သွယ်ရေးဟာ အရင်ကလည်း လူတွေကို ကယ်တင်ပေးတာ၊ တောမီးလောင်တာကို တားဆီးပေးတာ စတဲ့ သတင်းတွေ ကြားခဲ့ရပြီးပါပြီ။ အခုတော့ နယူးဇီလန်က တောင်တက်သမား ၂ ယောက်ကို ထပ်မံ ကယ်တင်လိုက်နိုင်ပါပြီ။

Ref : gizmochina