iPhone 14 ဟာ User တွေလက်ထဲ ရောက်ရှိလာပြီ ဖြစ်ပြီး စမတ်ဖုန်းတွေရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ Zach aka JerryRigEverything ကလည်း သူ့ရဲ့ လုပ်ငန်းကို စတင်လိုက်ပါတယ်။ သူက iPhone 14 ကို ထုံးစံအတိုင်း ဓါးနဲ့ခြစ်တာ၊ မီးနဲ့ရှို့တာနဲ့ ကွေးညွှတ်တာတွေ ပြုလုပ်ကာ အကြမ်းခံမှုကို စမ်းသပ်ခဲ့ပါတယ်။

iPhone 14 ရဲ့ ဒီဇိုင်းဟာ အရင်နှစ်ထုတ် iPhone 13 နဲ့ အများစု တူညီပေမယ့် တိုးတက်မှုများစွာ ပါလာပါတယ်။ အဓိက ဟာ့ဒ်ဝဲ ကွဲပြားချက် တစ်ခုက Apple ဟာ ပြုပြင်စားရိတ် အလွန်နည်းသွားအောင် အနောက်ဘက် ဖန်ကို လွယ်ကူစွာ ဖြုတ်နိုင်အောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

Apple iPhone 14 passes durability test with top marks - GSMArena.com news

ထုံးစံအတိုင်း အကြမ်းခံ စမ်းသပ်မှုမှာ မျက်နှာပြင်ကို ဓါးနဲ့ခြစ်တာနဲ့ စတင်ခဲ့ပါတယ်။ Mohs Hardness Scale ရဲ့ Level 6 မှာ အသေးစား ခြစ်ရာတွေပဲ ထင်ခဲ့ပြီး Level 7 မှာကျမှ ပိုကြီးတဲ့ ခြစ်ရာတွေ ထွက်လာပါတယ်။ ဘေးဘက် အလူမီနီယမ် ဘောင်တွေဟာလည်း ခြစ်ရာကို အတော်ခံနိုင်တာတွေ့ရပါတယ်။ iPhone 14 ရဲ့ အနောက် ကင်မရာတွေကို Sapphire Crystal နဲ့ ကာကွယ်ထားပြီး Level 6 ရောက်မှ ခြစ်ရာထင်သွားပါတယ်။

မျက်နှာပြင်ကို မီးရှို့တဲ့ အခါမှာ သေဆုံးသွားတဲ့ Pixel များတာကို တွေ့ရပါတယ်။ နောက်ဆုံး အနေနဲ့ လက်နဲ့ ကွေးညွှတ် စမ်းသပ်တဲ့အခါမှာ iPhone 14 ဟာ ကွေးညွှတ်မှု ဒဏ်ကို ခံနိုင်တာတွေ့ရပါတယ်။

Ref : gsmarena