Apple နောက်ထုတ်မယ့် iPhone 14 Series တွေရဲ့ သတင်းတွေ ပြီးခဲ့တဲ့ လအနည်းငယ် ကတည်းက ထွက်လာခဲ့ပြီး အဓိက Specs တချို့ကို သိခဲ့ရပါတယ်။ အခုလည်း iPhone 14 Series ရဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာပါတယ်။

Apple iPhone 14 Pro Render

လေ့လာဆန်းစစ်သူ Ming-Chi Kuo က iPhone 14 ရိုးရိုး မော်ဒယ်တွေနဲ့ Pro မော်ဒယ်တွေမှာ Specs တွေဟာ သိသိသာသာ ကွဲပြားမယ်လို့ ပြောပါတယ်။ သူက Pro မော်ဒယ်တွေမှာ Apple A16 Bionic Processor မောင်းနှင်ထားမှာ ဖြစ်ပြီး ရိုးရိုး မော်ဒယ်တွေမှာ Apple A15 Bionic Processor ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

iPhone 14: Release date, specs, price, news, rumors, more - 9to5Mac

Apple ဟာ လက်ရှိ iPhone 13 Series မှာ 4GB RAM ထည့်သွင်းပေးထားပြီး iPhone 14 Series မှာ 6GB RAM ပါလာမယ်လို့ သိရပါတယ်။ iPhone 14 Pro မော်ဒယ်တွေမှာ LPDDR5 RAM နဲ့ ရိုးရိုး မော်ဒယ်တွေမှာ LPDDR4X RAM ပါလာမှာပါ။

Pro မော်ဒယ်တွေမှာ ဆဲလ်ဖီး ကင်မရာကို ဆေးတောင့်ပုံ Punch Hole မှာ တပ်ဆင်ထားမှာ ဖြစ်ပြီး ရိုးရိုး မော်ဒယ်တွေမှာ Notch ကို သုံးထားမှာပါ။

ပုံမှန်အားဖြင့် Pro နဲ့ ရိုးရိုးမော်ဒယ်တွေရဲ့ အဓိက Specs တွေဟာ ကွဲပြားမှု မရှိကြပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ Apple ဟာ ကွဲပြားသွားအောင် စတင် စမ်းသပ်မယ့် သဘောရှိပါတယ်။

Ref : gizmochina