Qualcomm က မကြာခင်ကပဲ စွမ်းရည်မြင့် နောက်ဆုံးထုတ် Snapdragon 8 Gen 2 SoC ကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ စွမ်းရည်အမြင့်ဆုံး Chipset ဖြစ်ပေမယ့် iPhone 14 Pro Series မှာပါတဲ့ Apple A16 Bionic Chip က စွမ်းရည်ပိုမြင့်တယ်လို့ သတင်းထွက်လာပါတယ်။

Snapdragon 8 Gen 2 Vs A16 Bionic SoC performance - Who takes the crown?

GeekBench ရဲ့ Benchmark ကနေ ဒီသတင်းထွက်လာတာ ဖြစ်ပြီး Single Core နဲ့ Multi Core စမ်းသပ်ချက်မှာ Snapdragon 8 Gen 2 ဟာ ၁၄၈၃ နဲ့ ၄၇၀၉ မှတ်ရထားပါတယ်။ A16 Bionic Chip က ၁၈၇၄ နဲ့ ၅၃၇၂ မှတ် အသီးသီး ရထားပါတယ်။

Apple iPhone 14 Pro's A16 Bionic to Outperform New Snapdragon 8 Gen 2 Phones: Report - Gizmochina

Apple ရဲ့ A15 Bionic Chip ကတောင် Snapdragon 8 Gen 2 ထက် စွမ်းရည်ပိုမြင့်နေပြီး Single Core စမ်းသပ်ချက်မှာ ၁၇၀၉ မှတ်ရထားပါတယ်။ အဲဒီအတွက် ၂၀၂၃ ခုနှစ်ထုတ် စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာ Snapdragon 8 Gen 2 ဟာ ထူးခြားဆန်းသစ်စေမယ်ဆိုတဲ့ Qualcomm ရဲ့ ကြွေးကြော်မှုကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

တစ်ခုမှတ်ထားရမှာက Benchmark တွေဟာ တကယ့် စွမ်းဆောင်ရည်နဲ့ ထပ်တူ မကျသလို User Experience ကို ပိုမကောင်းစေပါဘူး။ ဒါပေမယ့် Apple ရဲ့ Chip တွေဟာ လက်ရှိ စမတ်ဖုန်း ဈေးကွက်မှာ စွမ်းဆောင်ရည် မြင့်မားနေတယ်ဆိုတာ သက်သေပြနေပါတယ်။

Ref : gizmochina