Apple ဟာ တရုတ်မှာ iPhone 15 ကို စတင် ထုတ်လုပ်နေပြီလို့ ဒီကိစ္စနဲ့ ရင်းနှီးတဲ့ သူတွေက ပြောပါတယ်။ Apple ဟာ အိန္ဒိယမှာလည်း iPhone 15 ထုတ်လုပ်မယ့် အချိန်ကို စောစောစီးစီး ဖြစ်အောင် ကြိုးစားနေပါတယ်။

New Apple Leak Reveals iPhone 15 Price Shock

NPI (New Product Introduction) ဟာ ပုံမှန်ဆိုရင် နှစ်စဉ် ပထမ ကွာတား ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း ပြုလုပ်လေ့ ရှိပြီး Apple ဟာ iPhone အသစ်တွေကို အကြိုထုတ်လုပ်စမ်းသပ်တာ ဖြစ်ပါတယ်။

iPhone 15 Pro Expected Later This Year With These 6 Exclusive Features - MacRumors

Foxconn ဟာ iPhone 15 Series တွေကို အကြို ထုတ်လုပ်မှု စတင် နေပြီလို့ သတင်းထွက်လာပြီး ပြဿနာတွေ ရှိသလားဆိုတာ လေ့လာ ဆန်းစစ်မှာ ဖြစ်ပါတယ်။ Supplier တွေက လုံလောက်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ပေးနိုင်သလားဆိုတာကိုလည်း လေ့လာမှာ ဖြစ်ပါတယ်။

Apple ဟာ တရုတ်နဲ့ အိန္ဒိယက iPhone 15 ထုတ်လုပ်တဲ့ အချိန် မကွာဟအောင် စီစဉ်နေပါတယ်။ Apple ဟာ အိန္ဒိယ မတိုင်ခင် တရုတ်မှာ ၆ လကနေ ၉ လ ကြိုတင်ကာ iPhone ထုတ်လုပ်လေ့ ရှိပါတယ်။ ဒါဟာ မကြာခင် ပြောင်းလဲတော့မှာ ဖြစ်ပြီး Apple ဟာ အိန္ဒိယက ပါတနာတွေနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်နေပါတယ်။

Apple ရဲ့ ရည်ရွယ်ချက်က တရုတ်နဲ့ အိန္ဒိယက iPhone ထုတ်လုပ်တဲ့ အချိန်ကို ရက်သတ္တပတ်အနည်းငယ်ပဲ ကွာခြားချင်နေပြီး အိန္ဒိယ စက်ရုံတွေကနေ iPhone ၅ ရာခိုင်နှုန်း ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

Ref : gsmarena