[Unicode]

Home Button ပါတဲ့ iPhone ကို Apple က ဖြန့်ချိခဲ့တဲ့နောက်ဆုံးအချိန်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ဖြစ်ပါလိမ့်မယ်။ အဲဒါကတော့ iPhone 8 ပါ။ ဒီနောက်ပိုင်း iPhone တွေမှာတော့ Home button မပါဝင်တော့ဘဲ Notch ကြီးကြီး၊ မျက်နှာပြင်ကြီးကြီးနဲ့ ဒီဇိုင်းတွေသာ နေရာယူလာပါတော့တယ်။

၂၀၂၀ ပြည့်နှစ်မှာ ထုတ်လုပ်ရောင်းချမယ့် iPhone တွေဟာ ခေတ်ဟောင်း iPhone ဒီဇိုင်းအယူအဆဆီ ပြန်သွားမယ်လို့ သတင်းတွေ ထွက်နေခဲ့တာ ကြာပါပြီ။ ဒီဇိုင်းဟောင်းတွေနဲ့ထွက်မယ့် iPhone သစ်တွေထဲမှာ iPhone 9 လည်းပါဝင်သလို၊ Home button ဆက်ပြီးရှိနေဦးမယ်လို့ ပြောနေကြတာပါ။

iPhone 9 ဆိုတာကလည်း iPhone SE 2 နေရာကိုအစားထိုးမယ့် မျိုးဆက်သစ်မော်ဒယ်ဖြစ်တာကြောင့် Home button နဲ့မြင်ရဖို့ဆိုတာ အများကြီးဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် ဒီဇိုင်းပိုင်းဆိုင်ရာမှာလည်း iPhone 8 နဲ့ အတော်လေးကို ဆင်တူနေပါသေးတယ်။ ဇန်နဝါရီလဆန်းပိုင်းတုန်းက ထွက်ပေါ်လာခဲ့တဲ့ iPhone 9 ရဲ့ Render ပုံရိပ်တွေမှာလည်း Home button ပါဝင်နေတာကို မှတ်မိကြဦးမှာပါ။

Render တွေထွက်လာတုန်းက Home button နဲ့ပတ်သက်ပြီး တိကျတဲ့အထောက်အထားတွေ မဖော်ပြနိုင်ခဲ့ပါဘူး။ အခုတော့ iPhone 9 နဲ့ ပတ်သက်တဲ့ အစီရင်ခံစာအချို့မှာပါ ထည့်သွင်းဖော်ပြလာကြတာကို တွေ့မြင်ရသလို နာမည်ကျော် Leakster Evan Blass ကလည်း iPhone 9 မှာ Home button ပါဝင်လာလိမ့်မယ်လို့ ထပ်ပြီးပြောဆိုလာတာကြောင့် Render တွေအတိုင်း ဖြစ်လာဖို့ ပိုပြီးနီးစပ်နေပါပြီ။

အခုအချိန်မှာတော့ iPhone 9 မှာ Face ID ပဲထည့်သွင်းထားမယ်ဆိုတဲ့သတင်းတွေက မှေးမှိန်သွားပြီလို့ ဆိုရတော့မှာပါ။ iPhone 9 နဲ့ပတ်သက်ပြီး တရားဝင်ကြေညာထားတာတွေ မရှိသေးပေမယ့် လာမယ့်နွေဦးရာသီ (မတ်လကနေမေလ) အတွင်း တရားဝင်မိတ်ဆက်လာမယ်လို့ သတင်းကြီးနေပါတယ်။ iPhone 9 တွေကို ဖော်ဖော်ဝါရီလထဲမှာ စတင်ထုတ်လုပ်မယ်ဆိုတဲ့သတင်းတွေလည်း ရှိထားသေးတာကြောင့် နောက်ထပ် ရက်သတ္တပတ်အနည်းငယ်လောက်မှာ iPhone 9 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena

[Zawgyi]

Home Button နဲ႔ျမင္ရဖို႔ ေသခ်ာသေလာက္ရွိသြားၿပီျဖစ္တဲ့ iPhone 9

Home Button ပါတဲ့ iPhone ကို Apple က ျဖန႔္ခ်ိခဲ့တဲ့ေနာက္ဆုံးအခ်ိန္ဟာ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ျဖစ္ပါလိမ့္မယ္။ အဲဒါကေတာ့ iPhone 8 ပါ။ ဒီေနာက္ပိုင္း iPhone ေတြမွာေတာ့ Home button မပါဝင္ေတာ့ဘဲ Notch ႀကီးႀကီး၊ မ်က္ႏွာျပင္ႀကီးႀကီးနဲ႔ ဒီဇိုင္းေတြသာ ေနရာယူလာပါေတာ့တယ္။

၂၀၂၀ ျပည့္ႏွစ္မွာ ထုတ္လုပ္ေရာင္းခ်မယ့္ iPhone ေတြဟာ ေခတ္ေဟာင္း iPhone ဒီဇိုင္းအယူအဆဆီ ျပန္သြားမယ္လို႔ သတင္းေတြ ထြက္ေနခဲ့တာ ၾကာပါၿပီ။ ဒီဇိုင္းေဟာင္းေတြနဲ႔ထြက္မယ့္ iPhone သစ္ေတြထဲမွာ iPhone 9 လည္းပါဝင္သလို၊ Home button ဆက္ၿပီးရွိေနဦးမယ္လို႔ ေျပာေနၾကတာပါ။

iPhone 9 ဆိုတာကလည္း iPhone SE 2 ေနရာကိုအစားထိုးမယ့္ မ်ိဳးဆက္သစ္ေမာ္ဒယ္ျဖစ္တာေၾကာင့္ Home button နဲ႔ျမင္ရဖို႔ဆိုတာ အမ်ားႀကီးျဖစ္ႏိုင္ေျခရွိပါတယ္။ ဒါ့အျပင္ ဒီဇိုင္းပိုင္းဆိုင္ရာမွာလည္း iPhone 8 နဲ႔ အေတာ္ေလးကို ဆင္တူေနပါေသးတယ္။ ဇန္နဝါရီလဆန္းပိုင္းတုန္းက ထြက္ေပၚလာခဲ့တဲ့ iPhone 9 ရဲ႕ Render ပုံရိပ္ေတြမွာလည္း Home button ပါဝင္ေနတာကို မွတ္မိၾကဦးမွာပါ။

Render ေတြထြက္လာတုန္းက Home button နဲ႔ပတ္သက္ၿပီး တိက်တဲ့အေထာက္အထားေတြ မေဖာ္ျပႏိုင္ခဲ့ပါဘူး။ အခုေတာ့ iPhone 9 နဲ႔ ပတ္သက္တဲ့ အစီရင္ခံစာအခ်ိဳ႕မွာပါ ထည့္သြင္းေဖာ္ျပလာၾကတာကို ေတြ႕ျမင္ရသလို နာမည္ေက်ာ္ Leakster Evan Blass ကလည္း iPhone 9 မွာ Home button ပါဝင္လာလိမ့္မယ္လို႔ ထပ္ၿပီးေျပာဆိုလာတာေၾကာင့္ Render ေတြအတိုင္း ျဖစ္လာဖို႔ ပိုၿပီးနီးစပ္ေနပါၿပီ။

အခုအခ်ိန္မွာေတာ့ iPhone 9 မွာ Face ID ပဲထည့္သြင္းထားမယ္ဆိုတဲ့သတင္းေတြက ေမွးမွိန္သြားၿပီလို႔ ဆိုရေတာ့မွာပါ။ iPhone 9 နဲ႔ပတ္သက္ၿပီး တရားဝင္ေၾကညာထားတာေတြ မရွိေသးေပမယ့္ လာမယ့္ေႏြဦးရာသီ (မတ္လကေနေမလ) အတြင္း တရားဝင္မိတ္ဆက္လာမယ္လို႔ သတင္းႀကီးေနပါတယ္။ iPhone 9 ေတြကို ေဖာ္ေဖာ္ဝါရီလထဲမွာ စတင္ထုတ္လုပ္မယ္ဆိုတဲ့သတင္းေတြလည္း ရွိထားေသးတာေၾကာင့္ ေနာက္ထပ္ ရက္သတၱပတ္အနည္းငယ္ေလာက္မွာ iPhone 9 နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြ ထြက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena