Apple က iPhone Series ထဲမှာ ဈေးအသက်သာဆုံး ဖြစ်တဲ့ မော်ဒယ်ကို ကြေညာလိုက်ပြီး အဲဒါကတော့ တတိယမျိုးဆက် iPhone SE ဖြစ်ပါတယ်။ ဒီဇိုင်းက ၂၀၁၄ ခုနှစ်ထုတ် iPhone 6 နဲ့ တူညီပေမယ့် အတွင်းပိုင်း အစိတ်အပိုင်းတွေက အများကြီး တိုးတက်လာပါတယ်။
Apple A15 Chipset အကြောင်း စပြောရအောင်။ iPhone 13 Series မှာ ထည့်သွင်းထားတဲ့ Chipset ဖြစ်ပြီး အမြန်ဆုံး စမတ်ဖုန်း Chip တွေထဲက ၁ ခု ဖြစ်ပါတယ်။ Storage အပိုင်းမှာ 64GB, 128GB နဲ့ 256GB တွေ ရွေးချယ်နိုင်ပါတယ်။
မျက်နှာပြင် အရွယ်အစားက ၄.၇ လက်မ ဖြစ်ပြီး အထက်နဲ့ အောက်က ဘောင်တွေက ထူထဲပါတယ်။ အမာကျောဆုံး ဖန်ဖြစ်တဲ့ Ceramic Shield နဲ့ ကာကွယ်ထားပြီး Touch ID လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။
ကင်မရာကလည်း တိုးတက်လာပြီး 12MP ၁ လုံးထဲ တပ်ဆင်ထားပေမယ့် 13 Series ကလို Sensor-shift Image Stabilization မပါလာပါဘူး။ ကင်မရာ လုပ်ဆောင်တွေအနေနဲ့ Smart HDR 4, Photographic Styles နဲ့ Deep Fusion တွေ ထည့်သွင်းထားပါတယ်။
5G ဆက်သွယ်မှု ထောက်ပံ့ထားပြီး မတ်လ ၁၁ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာပါ။ 64GB မော်ဒယ်ကို ၄၂၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၇၆၀,၀၀၀ ဝန်းကျင် တန်ကြေးရှိပါတယ်။ Australia, Canada, China, France, Germany, India, Japan, UK နဲ့ US အပါအဝင် နိုင်ငံပေါင်း ၃၀ မှာ မတ်လ ၁၈ ရက်နေ့ ပို့ဆောင်ပေးမှာပါ။
Ref : gsmarena