တရုတ်မှာ Apple ရဲ့ စမတ်ဖုန်း ရောင်းအားဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လေ့လာဆန်းစစ်သူ Ming-Chi Kuo က Foxconn စက်ရုံရဲ့ ထုတ်လုပ်မှု ပြဿနာတွေကြောင့် iPhone ရောင်းအားဟာ သိသိသာသာ ကျဆင်းနေပြီး အထူးသဖြင့် iPhone 14 Pro နဲ့ iPhone 14 Pro Max တို့ ဖြစ်တယ်လို့ ပြောပါတယ်။

Apple ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ iPhone အလုံးရေ ၁၂ သန်းလောက် ရောင်းအား ကျဆင်းခဲ့ပါတယ်။

Apple's "Vision Pro" Sparks Trademark Conflict with Huawei

တရုတ်မှာ Huawei ပြန်လည် ဦးမော့လာတဲ့အတွက်ကြောင့်လည်း iPhone ရောင်းအား ကျဆင်းလာတာ ဖြစ်ပါတယ်။ Apple ရဲ့ ရောင်းအားဟာ ၂၀၂၄ ခုနှစ်မှာလည်း ဆက်လက် ကျဆင်းနေဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။

Apple ဟာ တရုတ်မှာ ရောင်းအားကျဆင်းနေပေမယ့် တစ်ကမ္ဘာလုံးမှာတော့ ရောင်းအားကောင်းနေပြီး Samsung ကိုတောင် နောက်ကောက်ချထားပါတယ်။

Apple faces trademark fight over the name 'Vision Pro' in China

Apple ဟာ အိန္ဒိယမှာလည်း ရောင်းအား ကောင်းနေပြီး ကွာတားအလိုက် ရောင်းအား အများဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ Apple ဟာ အိန္ဒိယမှာ iPhone အလုံးရေ ၂.၅ သန်းကျော် ရောင်းချထားပြီး အရင်နှစ်ကထက် ၃၄ ရာခိုင်နှုန်း တိုးတက်နေပါတယ်။

iPhone တွေ ရောင်းအားကောင်းနေတာက လူတွေ ပရီမီယံ စမတ်ဖုန်းတွေကို ပိုမို စိတ်ဝင်စားလာလို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ အရစ်ကျ ရောင်းချပေးတာနဲ့ ပရိုမိုးရှင်းတွေ ပေးတာကြောင့်လည်း ပါဝင်ပါတယ်။

Apple ဟာ အိန္ဒိယမှာ ဈေးကွက်ဝေစု ၄.၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်း အထိ တိုးတက်ဖို့ မျှော်မှန်းထားပါတယ်။

ref : gizmochina