Apple fan တွေအတွက်တော့ ကြွားစရာတစ်ခုလျော့သွားတယ်ဆိုရမှာပါပဲ။ Apple ဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး အများပိုင်ကုမ္ပဏီတစ်ခု မဟုတ်တော့ပါဘူး။ ကမ္ဘာ့တန်ဖိုးအကြီးဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ရေနံကုမ္ပဏီ Saudi Aramco က ရယူသွားပြီလို့ CNBC က ဆိုပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က Saudi Aramco ရဲ့ ဈေးကွက်အရင်းအနှီးကို ဒေါ်လာအဖြစ်ပြောင်းလဲတွက်ချက်မှုအရ ကုမ္ပဏီဟာ $2.43 ထရီလီယံ တန်ဖိုးရှိကြောင်း သိရှိရပါတယ်။ Apple ကတော့ ဗုဒ္ဓဟူးနေ့မှာ စတော့ရှယ်ယာဈေးကွက်အတွင်း ရှယ်ယာ 5% ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ Apple အတွက် ကြီးမားတဲ့ ထိုးနှက်ချက်လို့ ဆိုနိုင်ပါတယ်။

လွန်ခဲ့တဲ့ ကုန်သွယ်ရက် ၅ ရက်အတွင်းမှာပဲ Apple ရဲ့ ရှယ်ယာတွေဟာ $13.56 ဒါမှမဟုတ် 8.66% ထိုးကျသွားခဲ့ပါတယ်။ ကြာသပတေးနေ့ ပုံမှန်ကုန်သွယ်မှုကဏ္ဍကိုပိတ်ပြီးတဲ့နောက်မှာတော့ Apple ရဲ့ ဈေးကွက်အရင်းအနှီးဟာ $2.31 ထရီလီယံအထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ကျန်ခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ 182.94 ဒေါ်လာ နဲ့ ၅၂ ပတ်ကြာမြင့်ခဲ့ပြီးတဲ့နောက် Apple ရဲ့ တန်ဖိုးဟာ 23% အငွေ့ပြန်သွားတာကို တွေ့မြင်လိုက်ကြရပါတယ်။ အခြားတစ်ဘက်မှာတော့ Aramco ရဲ့ ရှယ်ယာတွေဟာ ဒီနှစ်အစပိုင်းကတည်းက 27% မြင့်တက်လာခဲ့ပါတယ်။ မတ်လမှာ ရေနံဈေးနှုန်းမြင့်တက်လာတဲ့အတွက် ကုမ္ပဏီရဲ့တစ်နှစ်တာဝင်ငွေနှစ်ဆတိုးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း Apple ဟာ ဒေါ်လာ ၁ ထရီလီယံ၊ ဒေါ်လာ ၂ ထရီလီယံနဲ့ ဒေါ်လာ ၃ ထရီလီယံ စတဲ့ တန်ဖိုးသတ်မှတ်စံနှုန်းအမျိုးမျိုးကို ရောက်ရှိတဲ့ပထမဦးဆုံးသော အမေရိကန်အများပိုင်ကုမ္ပဏီ ဖြစ်ခဲ့ပါတယ်။

Ref: Phone Arena