အတွင်းသတင်းအရ Apple က iOS 18 မှာ ChatGPT ထည့်သွင်းဖို့ OpenAI နဲ့ နောက်ဆုံးအဆင့် စကားပြောနေပြီလို့ သိရပါတယ်။ Apple ဟာ နောက်ထွက်မယ့် iOS 18 မှာ ChatGPT ရဲ့ AI Feature တချို့ကို ထည့်သွင်းချင်နေပါတယ်။

Apple Reportedly In Talks With OpenAI To Integrate ChatGPT Into IOS 18:  Bloomberg | Nasdaq

Apple နဲ့ OpenAI က ပူးပေါင်းဆောင်ရွက်မှုကို တရားဝင် မကြေညာကြသေးပါဘူး။ အရင်သတင်းအရ Apple ဟာ Google ရဲ့ AI Gemini Chatbot ကို အသုံးပြုဖို့လည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။ Apple ဟာ AI နည်းပညာအတွက် တခြား ကုမ္ပဏီတွေနဲ့လည်း စကားပြောနေပါတယ်။

Apple and OpenAI are reportedly in talks for iOS 18 integration | Mashable

မကြာခင်ကထွက်ခဲ့တဲ့ သတင်းအရ Apple ဟာ သူ့ရဲ့ Device တွေမှာ AI Feature များစွာ ထည့်သွင်းပေးဖို့ ကြိုးစားနေပြီး AI Feature တွေကို နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်တဲ့ On-device Silicon ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ အလုပ်တွေကို Apple ရဲ့ ဒေတာစင်တာတွေက ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဲဒီ နည်းလမ်းဟာ Apple အတွက် Speed နဲ့ Privacy အပိုင်းမှာ ပြိုင်ဖက်တွေထက် အသာရသွားစေမှာပါ။

Ref : gsmarena