Apple ရောင်းချခဲ့တဲ့ iPad Air မော်ဒယ် အားလုံးရဲ့ မျက်နှာပြင်ဟာ ၁၁ လက်မထက် သေးငယ်ကြပါတယ်။ အခုတော့ DigiTimes က Apple ဟာ ပိုကြီးတဲ့ iPad Air ကို ဖန်တီးနေပြီး မျက်နှာပြင် အရွယ်အစားက 12.9” ရှိမယ်လို့ ပြောပါတယ်။

iPad Air 5 – iSure Myanmar

DigiTimes က 12.9” iPad Air မှာ 12.9” iPad Pro ရဲ့ mini-LED Panel အစား LCD Panel ကို အသုံးပြုထားမယ်လို့ ပြောပါတယ်။

ပေါက်ကြားသတင်းတွေအရ Apple ဟာ J537 နဲ့ J538 မော်ဒယ်နံပါတ် ပါတဲ့ iPad Air မော်ဒယ် ၂ လုံးကို ဖန်တီးနေတယ်လို့ သိရပါတယ်။ ၁ လုံးက 12.9” iPad Air ဖြစ်နိုင်ပြီး နောက် ၁ လုံးက 11” iPad Air ဖြစ်နိုင်ပါတယ်။ လာမယ့် လတွေအတွင်း အဲဒီ iPad Air ၂ လုံးရဲ့  သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

iPad Air : Should You Buy? Reviews, Features, Deals and More

Apple ဟာ အရွယ်အစား ကြီးမားတဲ့ iPad Air တွေကို ထုတ်လုပ်ရောင်းချလာမယ်ဆိုရင် iPad Pro ရဲ့ အရွယ်အစားနဲ့ တူညီသွားမှာ ဖြစ်ပါတယ်။ Customer တွေအနေနဲ့ ၁,၀၉၉ ဒေါ်လာတန် 12.9” iPad Pro အစား တခြား ရွေးချယ်စရာ အရွယ်ကြီး iPad တွေ ထွက်လာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena