Apple ရဲ့ အတွင်းသတင်းရင်းမြစ်တွေရဲ့အဆိုအရ ကုမ္ပဏီက LLM နည်းပညာနဲ့ အားဖြည့်ထားတဲ့ နောက်မျိုးဆက် Siri ကို ဖန်တီးရာမှာ အင်ဂျင်နီယာအဖွဲ့ကို အထောက်အကူပြုမယ့် ChatGPT နဲ့ဆင်တူတဲ့ App တစ်ခုကို iPhone တွေအတွက် ဖန်တီးထားတယ်လို့ သိရပါတယ်။

သတင်းတွေအရ AI ဌာနက အဲဒီ app ကို သီချင်းတွေ၊ email တွေ၊ ဓာတ်ပုံတွေ၊ video တွေလို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေထဲမှာ ရှာဖွေနိုင်တဲ့စွမ်းရည်နဲ့ ဓာတ်ပုံပြင်ဆင်တာလိုမျိုး app အတွင်း လုပ်ဆောင်ချက်တွေ အပါအဝင် Siri ရဲ့ feature အသစ်တွေကို စမ်းသပ်ဖို့ အသုံးပြုနေပါတယ်။

Apple to bring more powerful AI powered Siri to rival ChatGPT and Google  Gemini: Report - BusinessToday

အဲဒီ app ကို “အမှန်တရား” လို့ အဓိပ္ပာယ်ရတဲ့ “Veritas” ဆိုတဲ့ codename ပေးထားပြီး လောလောဆယ်မှာတော့ ကုမ္ပဏီအတွင်းပိုင်းသုံးဖို့အတွက်ပဲ ဖန်တီးထားပါတယ်။ Apple အနေနဲ့ ဒါကို သာမန်သုံးစွဲသူတွေဆီ ဖြန့်ချိဖို့ အစီအစဉ်မရှိဘဲ Siri အဖွဲ့က ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တဲ့ feature တွေကို စမ်းသပ်ဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။

Veritas app ဟာ ChatGPT နဲ့ အတူတူပါပဲ။ Apple ရဲ့ LLM နဲ့ စကားပြောဆိုနိုင်ပြီး software က သုံးစွဲသူတွေရဲ့ အရင်က ပြောဆိုမှုတွေကို သိမ်းဆည်းထားပါတယ်။ ဒါပေမဲ့ အမှုဆောင်တွေနဲ့ တခြား Apple အရာရှိတွေက AI chatbot ဈေးကွက်ထဲကို ဝင်ရောက်ဖို့ ဆန္ဒမရှိဘူးလို့ အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးတာကြောင့် Veritas ကို အများပြည်သူဆီ မိတ်မဆက်ဖို့ ဆုံးဖြတ်ချက်က အံ့ဩစရာတော့ မဟုတ်ပါဘူး။

AI စွမ်းအင်သုံးနဲ့ ပိုမိုစမတ်ကျတဲ့ Siri အသစ်ကို မူလက ဒီနှစ်နွေဦးမှာ မိတ်ဆက်ဖို့ စီစဉ်ခဲ့ပေမယ့် Apple က အဲဒီအစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီး အခုအခါမှာတော့ လာမယ့်နှစ် မတ်လကို  သတ်မှတ်ထားပါတယ်။ ဒီအတောအတွင်းမှာ Apple ဟာ Siri အသစ်ကို ဖန်တီးရာမှာ အကူအညီရယူဖို့ OpenAI, Google နဲ့ Anthropic တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Siri အပြင် Apple က သူ့ရဲ့ AI ကို အိမ်သုံးပစ္စည်းတွေ၊ HomePod speaker နဲ့ Apple TV အပါအဝင် တခြား device တွေမှာလည်း ပေါင်းစပ်ထည့်သွင်းဖို့ စီစဉ်နေပါတယ်။

Ref : gsmarena