Apple ဟာ အခုအချိန်မှာ iPhone 12 Series စမတ်ဖုန်းတွေကို တရားဝင်ရောင်းချနေပြီဖြစ်သလို ခန့်မှန်ထားတာထက်လည်း ပိုပြီးရောင်းအားကောင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခု ၂၀၂၀ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံးဖုန်းဆိုရင်တော့ iPhone 11 ကိုပဲ ပြောရမှာဖြစ်ပါတယ်။

အခုလည်း အဆိုပါ iPhone 11 ဖုန်းတွေနဲ့ သက်ဆိုင်တဲ့ Replacement Program အသစ်ကို Apple ကနေ ကြေညာခဲ့ပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀၁၉ ခုနှစ်ကနေ မေလ ၂၀၂၀ ခုနှစ်အတွင်းမှာ ထုတ်လုပ်ခဲ့တဲ့ iPhone 11 ဖုန်းတွေမှာ Touch Screen Issue ကြုံတွေ့နိုင်တဲ့ ပြဿနာတစ်ခုနဲ့ သက်ဆိုင်မှာဖြစ်ပါတယ်။

တကယ်လို့ အဆိုပါအချိန်အတွင်းမှာ ထုတ်လုပ်ထားတဲ့ iPhone 11 ကို အသုံးပြုနေပြီး Touch Screen Issue တွေကို ကြုံတွေ့နေရတယ်ဆိုရင် Apple Store သို့မဟုတ် Apple Authorized Service Provider တွေကို ဆက်သွယ်ပြီး အခမဲ့ပြင်ဆင်မှုကို ရယူနိုင်မှာဖြစ်ပါတယ်။ Apple ကတော့ Service ကို မပြသခင်မှာ Data တွေကို Backup ရယူထားဖို့ သတိပေးထားသလို တကယ်လို့ Display က ကွဲအက်နေတယ်ဆိုရင်လည်း အရင်ပြင်ဆင်ထားဖို့ပြောကြားထားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone 11 ဖုန်းအသုံးပြုနေတဲ့သူတွေအနေနဲ့ကတော့ အခုလိုမျိုး Touch Screen Issue တွေကြုံတွေ့နေရတယ်ဆိုရင် အခုပဲ Apple Authorized Service Provider ကို ဆက်သွယ်သင့်ပါတယ်။

Ref – GSM Arena