Apple ဟာ Mac Device အသစ်တွေကို ကြေညာနေပြီး Mac Studio အသစ်ကို ချပြပြီးနောက်မှာ ၁၅ လက်မ MacBook Air ကို ၂၀၂၃ ခုနှစ်မှာ ကြေညာနိုင်တယ်လို့ Display Supply Chain အကြံပေးက ပြောပါတယ်။

Buy 13-inch MacBook Air - Apple (TH)

လက်ရှိမှာ နောက်နှစ် ကြေညာမယ့် MacBook Air အသစ်ရဲ့ သတင်းအချက်အလက်တွေကို များများစားစား မသိရသေးပေမယ့် လေ့လာဆန်းစစ်သူ Ross Young က ၁၅ လက်မ MacBook Air အသစ်ကို ၁၃ လက်မ MacBook Air နဲ့အတူ ကြေညာနိုင်တယ်လို့ ပြောပါတယ်။

MacBook Air: Time to Buy? Apple M1 Chip & 18-Hour Battery

၁၅ လက်မ MacBook Air ရဲ့ သတင်းတွေ အရင်ကလည်း ထွက်ခဲ့ဖူးပြီး Bloomberg ရဲ့ Mark Gurman က Apple ဟာ အရွယ်အစား ပိုကြီးတဲ့ မျက်နှာပြင်ပါတဲ့ MacBook Air ကို ဖန်တီးနေတယ်လို့ အရင်နှစ်က ပြောခဲ့ပါတယ်။

Apple ဟာ ၁၅ လက်မ MacBook Air ကို ဖန်တီးဖို့ ၂၀၀၈ ခုနှစ်ကတည်းက စဉ်းစားခဲ့ပေမယ့် အကောင်အထည် မဖော်ခဲ့ဘဲ ၁၃ လက်မ မော်ဒယ်ကိုပဲ ထုတ်လုပ်ခဲ့ပါတယ်။ MacBook Air မှာ ရွေးချယ်စရာ ဆိုလို့ အဲဒီ အရွယ်အစား ၁ မျိုးပဲ ရှိပါတယ်။

MacBook Pro မှာတော့ ၁၃ လက်မ၊ ၁၄ လက်မနဲ့ ၁၆ လက်မ အရွယ်အစား ၃ မျိုး ရှိပြီး ၁၄ လက်မနဲ့ ၁၆ လက်မ မော်ဒယ်တွေဟာ ၁၃ လက်မ မော်ဒယ်ထက် စွမ်းဆောင်ရည် ပိုမြင့်မားပါတယ်။

Apple ဟာ ဒီနှစ်ထဲမှာ ဒီဇိုင်း ဆန်းသစ်ထားတဲ့ MacBook Air ကို ကြေညာနိုင်ပြီး ရွေးချယ်စရာ အရောင်တွေပိုမို ထုတ်လုပ်ထားနိုင်ပါတယ်။ M2 Chipset အသစ် မောင်းနှင်ထားနိုင်ပြီး လာမယ့် လအနည်းငယ်အတွင်း ကြေညာနိုင်ပါတယ်။

Ref : gizmochina