Apple Device သုံးနေတဲ့သူတွေအတွက်တော့ သတိထားစရာ သတင်းတစ်ခု ထွက်လာပါပြီ။ Apple ဟာ ဝင်ငွေပိုရှာနိုင်ဖို့အတွက် သူ့ရဲ့ Apple Maps အက်ပ်ထဲမှာ မကြာခင် ကြော်ငြာတွေ စထည့်တော့မယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကို ဒီလအတွင်းမှာပဲ တရားဝင် ကြေညာသွားနိုင်ခြေ ရှိနေပါတယ်။

Apple Maps will soon start showings ads, says report

Bloomberg သတင်းဌာနက နာမည်ကြီး သတင်းထောက် Mark Gurman ရဲ့ အစီရင်ခံစာအရဆိုရင်တော့ Apple Maps မှာ သုံးမယ့် ကြော်ငြာစနစ်ဟာ အခုလက်ရှိ Google Maps မှာ သုံးနေတဲ့ ပုံစံမျိုးနဲ့ အတော်လေး ဆင်တူနေမှာပါ။

Apple Maps May Start Showing Ads to Users This Summer

လုပ်ဆောင်ပုံကတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆိုင်တွေဟာ ကြော်ငြာနေရာတွေ၊ ရှာဖွေရေး စကားလုံး (Keywords) တွေအတွက် Apple ဆီမှာ လေလံဆွဲရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က တစ်ခုခုကို ရှာလိုက်တာနဲ့ အဲဒီကြော်ငြာတွေက ရှာဖွေမှုရလဒ်တွေရဲ့ ထိပ်ဆုံးမှာ ပေါ်လာမှာပါ။ ဥပမာအနေနဲ့ best matcha လို့ ရှာလိုက်မယ်ဆိုရင် ဒီစကားလုံးကို လေလံဆွဲထားတဲ့ Starbucks လို နာမည်ကြီး ကော်ဖီဆိုင်တွေရဲ့ ကြော်ငြာတွေကို အရင်ဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီကြော်ငြာတွေကိုတော့ iOS, iPadOS နဲ့ macOS တွေမှာ သုံးနေတဲ့ Apple Maps အက်ပ်တွေအပြင် Apple ရဲ့ web app မှာပါ အကုန်လုံး မြင်တွေ့ရတော့မှာ ဖြစ်တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref : gsmarena