ပြီးခဲ့တဲ့ရက်က Apple ရဲ့ iPhone 9 ကို JD.com မှာ အရောင်းတင်ထားတာကို တွေ့မြင်ခဲ့ရပါတယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်မှာ iPhone သစ်ကို ဈေးကွက်ထဲပို့ဆောင်ချိန် နောက်မကျခဲ့ဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့် လာမယ့် iPhone 12 တွေမှာတော့ နောက်ကျမှုရှိလာမယ်လို့ သိရပါတယ်။

ထွက်ပေါ်လာတဲ့သတင်းအရ Apple ဟာ iPhone 12 5G စီးရီးကို လာမယ့် စက်တင်ဘာလထဲမှာ ကြေညာမယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိ iPhone 12 ဖွံ့ဖြိုးတိုးတက်မှုအတွက် Engineering Verification TES (EVT) ဟာ ဧပြီလနှောင်းပိုင်းထိ နှစ်ပတ်ထပ်တိုးထားတယ်လို့ သိရပါတယ်။ ဒီထဲမှာ 5.4-inch iPhone 12, 6.1-inch iPhone 12 နဲ့ 6.1-inch iPhone 12 Pro တို့ပါဝင်တယ်လို့ ဆိုပါတယ်။

iPhone 12 Pro Max ကတော့ အရွယ်အစားရော ဈေးနှုန်းပါ ပိုကြီးမှာ ဖြစ်ပါတယ်။ 6.7-inch နဲ့ iPhone 12 Pro Max ကတော့ စက်တင်ဘာလထဲမှာ ကြေညာဖွယ်မရှိဘဲ၊ အောက်တိုဘာလလောက်အထိ နှောင့်နှေးသွားမယ်လို့ သိရပါတယ်။ ဒီမော်ဒယ်အတွက် EVT အဆင့်ဟာ လာမယ့် မေလလယ်အထိ ပြီးမှာမဟုတ်ဘူးလို့ အတွင်းသတင်းတွေက ဆိုပါတယ်။

ဒီသတင်းကို ဖော်ပြတဲ့ Analyst Jeff Pu ကတော့ Pro Max မော်ဒယ်ဟာ အနည်းဆုံး ၂ ပတ်လောက် နောက်ကျမယ်လို့ ယုံကြည်နေတာပါ။ ဒါပေမယ့်လည်း iPhone 12 Pro Max အနေနဲ့ အခြားမော်ဒယ်တွေထက် တစ်လလောက် နောက်ကျပြီးမှ ဈေးကွက်ထဲရောက်မယ်ဆိုရင်လည်း ထူးထူးထွေထွေ ထိခိုက်သွားမယ့်ကိစ္စ မရှိဘူးလို့ပဲ ယူဆရပါတယ်။

Ref: Phone Arena