Digital Supply Chin Consultants ရဲ့ ထုတ်လုပ်မှုနယ်ပယ်တွင်းအခြေအနေလေ့လာသုံးသပ်သူ Ross Young က Apple နဲ့ ပတ်သက်တဲ့ သတင်းသစ်တစ်ခုကို ယူဆောင်လာပါတယ်။ အဲဒါကတော့ Apple ဟာ OLED မျက်နှာပြင်သစ် တပ်ဆင်ထားတဲ့ MacBook နဲ့ iPad မော်ဒယ်တွေကို ဖြန့်ချိနိုင်ဖို့ ကြည့်ရှုနေပြီဆိုတဲ့ သတင်းပါပဲ။

Apple ဟာ MacBook Air ဒါမှမဟုတ် MacBook Pro ကို ပြန်လည်ဆန်းသစ်တာမျိုး၊ ဒါမှမဟုတ် MacBook အမျိုးအစားသစ်တစ်မျိုးထုတ်လုပ်ဖို့ ကြံစည်နေတယ်လို့ လေ့လာဆန်းစစ်သူက ဆိုပါတယ်။ MacBook Air ကို ဒီနှစ်အတွက် မကြာသေးခင်ကမှ ပြန်ပြီးဆန်းသစ်ထားတယ်လို့ ယူဆရင်တော့ MacBook Pro အသစ် ဒါမှမဟုတ် MacBook အမျိုးအစားသစ်က ပိုပြီးဖြစ်နိုင်ချေရှိတယ်လို့ ဆိုရပါလိမ့်မယ်။

ဒါပေမဲ့ လက်ရှိအခြေအနေက မှန်းဆက်ချက်ပဲရှိနေပါသေးတယ်။ ၂၀၂၄ ခုနှစ်မှာတော့ အချက်အလက်သစ်တွေနဲ့အတူ မှန်းဆချက်တွေလည်း ပြောင်းလဲသွားနိုင်ပါသေးတယ်။ 11-inch နဲ့ 12.9-inch iPad Pro မော်ဒယ်နှစ်မျိုးစလုံးဟာ “tandem stack” လို့ခေါ်တဲ့ မျက်နှာပြင်နည်းပညာကို အသုံးပြုလာနိုင်ပါတယ်။ ဒါဟာ ပါဝါသုံးစွဲမှုကို ၃၀%လျှော့ချနိုင်ပြီး Panel ရဲ့ ခံနိုင်ရည်အားကိုလည်း မြှင့်တင်ပေးမယ်လို့ သိရပါတယ်။

Apple ရဲ့ OLED panel တွေဟာ စွမ်းအင်သက်ရောက်မှုအသီးသီးအတွက် ပြောင်းလဲနိုင်တဲ့ Refresh rate တွေပြုလုပ်နိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။ Apple ရဲ့ 14-inch နဲ့ 16-inch MacBook Pro တွေဟာ “Liquid Retina XDR” လို့ခေါ်တဲ့ OLED display ပါရှိတဲ့ Laptop တွေလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကထွက်ပေါ်လာတဲ့ သတင်းအရ Apple ဟာ 15-inch MacBook Air ကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် သေးငယ်တဲ့ 12-inch MacBook အတွက်လည်း အစီအစဉ်တွေရှိနေတယ်လို့ သိရပါတယ်။ Apple ရဲ့ M2 Pro နဲ့ M2 Max chip တွေကို TSMC က ဒီနှစ်နှောင်းပိုင်းမှာ အမြောက်အများထုတ်လုပ်ဖွယ်ရှိပြီး ပြန်လည်ဆန်းသစ်ထားတဲ့ 14-inch နဲ့ 16-inch MacBook Pros တွေဟာ လာမဲ့နှစ်အစောပိုင်းမှာ ရောက်ရှိလာဖွယ်ရှိပါတယ်။

Ref: GSM Arena