Apple ဟာ Foldable Device ဈေးကွက်ထဲကို ထူးခြားတဲ့ နည်းလမ်းနဲ့ ဝင်ရောက်လာနိုင်ပါတယ်။ လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ ၂၀၂၇ ခုနှစ်မှာ 20 Inch Foldable MacBook ကို ရောင်းချနိုင်တယ်လို့ ပြောပါတယ်။

သူက ၂၀၂၇ ခုနှစ်မှာ အဲဒီ MacBook ကို အမြောက်အများ ထုတ်လုပ်နိုင်တယ်လို့ ပြောပါတယ်။ အရင်ကလည်း လေ့လာဆန်းစစ်သူ Ross Young နဲ့ ကိုရီးယားမီဒီယာ The Elec တို့က အဲဒီလိုမျိုးပြောခဲ့ပါသေးတယ်။

အဲဒီ MacBook ရဲ့ ဒီဇိုင်းကို မသိရသေးပေမယ့် Apple ရဲ့ လက်ရှိ အကြီးမားဆုံး လက်ပ်တော့ ဖြစ်တဲ့ 16 Inch MacBook Pro ထက် ပိုကြီးသွားမှာပါ။ Foldable ဒီဇိုင်းကြောင့် စွမ်းရည်အသစ်တွေ ပါလာနိုင်ပါတယ်။ ခေါက်ချိုးထားရင် သာမာန် လက်ပ်တော့လို အသုံးပြုနိုင်မှာ ဖြစ်ပြီး ဖြန့်ထားရင် ကြီးမားတဲ့ မျက်နှာပြင်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Apple foldable MacBook

Kuo က Apple ဟာ သတင်းတွေ ထွက်နေသလို Foldable iPhone နဲ့ iPad ကို ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။

အရင်သတင်းတွေအရ Apple ဟာ 7 Inch ကနေ 8 Inch ရှိတဲ့ Foldable Device ၁ လုံးကို ဖန်တီးနေတယ်လို့ သိခဲ့ရပါတယ်။ အဲဒီ Foldable iPad ကို ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်အကြားမှာ ရောင်းချမယ်လို့ သိခဲ့ရပါတယ်။ အခုတော့ Kuo ရဲ့ သတင်းအရ Foldable iPhone နဲ့ iPad ထွက်လာမှာ မဟုတ်ပါဘူး။

Ref : gizmochina