Apple ဟာ ကိုယ်ပိုင် Self Driving Car ကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုတဲ့သတင်းက ယခင်ထဲက ထွက်ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း အစောပိုင်းတုန်းက တောင်ကိုရီးယားကားထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Hyundai နဲ့ စကားပြောဆိုနေတယ်ဆိုပြီးလည်း သတင်းထွက်ရှိခဲ့ပါသေးတယ်။


အခုနောက်ဆုံးရရှိနေတဲ့သတင်းတစ်ခုအရတော့ Apple ဟာ နာမည်ကြီး ကားထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Toyota နဲ့ပူးပေါင်းပြီး ကိုယ်ပိုင် Apple Car ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ အဆိုပါ Apple Car ကို လာမယ့် ၂၀၂၄ ခုနှစ်ဝန်းကျင်မှာ တရားဝင်မိတ်ဆက်လာနိုင်ခြေများနေပါတယ်။

ဒါပေမယ့်လည်း Apple ဟာ အဆိုပါ ကားထုတ်လုပ်ဖို့အတွက် Toyota အပြင် တောင်ကိုရီးယားနိုင်ငံအခြေစိုက် SK Group နဲ့ LG Electronics ကုမ္ပဏီတွေနဲ့ ပူးပေါင်းထားတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ Apple Car က ဘယ်လိုမျိုး Design ဖြစ်လာနိုင်မလဲဆိုတာကိုတော့ မသိရသေးပေမယ့် Electric Car ဖြစ်လာနိုင်ခြေများနေပါတယ်။

Apple ဟာ အဆိုပါ Electric Car ထုတ်လုပ်ဖို့အတွက် EV Battery တွေကို ကိုယ်တိုင် US မှာ ထုတ်လုပ်မှာဖြစ်ပြီး လက်ရှိ Electric Car တွေမှာ ပါဝင်တဲ့ Battery တွေထက် ထုတ်လုပ်မှုစရိတ်လျေ့ာနည်းမှာဖြစ်သလို သွားနိုင်တဲ့ Range ကလည်း ပိုပြီး များပြားမှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် တကယ် ၂၀၂၄ ခုနှစ်မှာ စတင်ထုတ်လုပ်သွားမယ်ဆိုရင် မကြာခင်လပိုင်းအတွင်းမှာ Apple Car ရဲ့ Design Prototype တွေထွက်ရှိလာဖွယ်ရှိနေပါတယ်။

Ref – Gizmo China