Apple ကနေ နောက်လာမယ့် ၂၀၁၈ ခုနှစ်အတွက် Tablet ဈေးကွက်ကို အပိုင်သိမ်းဖို့ ကြိုးစားနေပုံပါပဲ။ ဘာဖြစ်လို့လည်းဆိုရင် ယခုနှစ်မှာ Apple iPad 2017 ကို ဈေးနှုန်း ဒေါ်လာ ၃၂၉ နဲ့ထုတ်လုပ်ခဲ့ပြီး နောက်နှစ်မှာ ထုတ်လုပ်မယ့် iPad က အခုထက်တောင် ပိုပြီးဈေးပေါလာတော့မှာဖြစ်လို့ပါ။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ Apple ဟာ ဈေးနှုန်းအလွန်သက်သာတဲ့ iPad တွေကို ထုတ်လုပ်ဖို့ စိတ်ကူးနေပြီး နောက်နှစ်မှာ ထွက်ရှိလာမယ့် 9.7″ iPad 2018 ဟာ ဆိုရင် ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၅၉ ပဲရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဒေါ်လာ ၂၅၀ တန် iPad အသစ်ကို လာမယ့်နှစ် ဧပြီလ နဲ့ ဂျွန်လ ကြားမှာ မိတ်ဆက်လာမယ်လို့ သိရပြီး တကယ်သာ iPad ကို ဒေါ်လာ ၂၅၀ နဲ့ ရောင်းချလာခဲ့မယ်ဆိုရင် အခုအဆိုပါ ဈေးဝန်းကျင်မှာ ရောင်းချနေတဲ့ Android Tablet တွေနေရာကို ရယူသွားတော့မှာပါ။

ဒေါ်လာ ၂၅၉ ဆိုတာက မြန်မာငွေအနေနဲ့ ငွေကျပ် ၃ သိန်းခွဲပဲ ရှိမှာဖြစ်တဲ့အတွက် ငွေ ၄ သိန်းအောက်နဲ့ Apple iPad အသစ်စက်စက်ကို နောက်နှစ်မှာ ကိုင်နိုင်တော့မှာဖြစ်ပါတယ်။ Apple ကတော့ အဆိုပါ iPad အသစ်ကို အမြောက်အများထုတ်လုပ်သွားမှာဖြစ်ပြီး အလုံးရေ ၁၀ သန်းအထိ ထုတ်လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။