Huawei က ၂၀၂၂ ခုနှစ်မှာ မူလ MatePad SE ကို ကြေညာခဲ့ပြီး အခုတော့ ၂၀၂၄ ခုနှစ် မော်ဒယ် ဖြစ်တဲ့ MatePad SE 11 ကို ချပြလိုက်ပါတယ်။

Huawei MatePad SE 11 debuts with stylus - GSMArena.com news

11” Display တပ်ဆင်ထားပြီး LCD အမျိုးအစား ဖြစ်ကာ FullHD+ Resolution (1920×1200 pixels) ထောက်ပံ့ထားပါတယ်။ Screen-to-body Ratio က ၈၅ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ဘေးဘောင်တွေက အလွန် ပါးလွှာပါတယ်။ 400 Nits Peak Brightness ထောက်ပံ့ထားပြီး 16.7 Million Color ထုတ်ပေးနိုင်ပါတယ်။ စာဖတ်ဖို့အတွက် အထူး eBook Mode ပါပါတယ်။

Huawei MatePad SE 11 announced globally

တက်ဘလက်ရဲ့ အရွယ်အစား အပြည့်အစုံက 252.3 x 163.8 x 6.9mm ဖြစ်ပြီး အလေးချိန်က ၄၇၅ ဂရမ် ဖြစ်ပါတယ်။ ကိုယ်ထည်ကို သတ္တုနဲ့ တည်ဆောက်ထားပြီး Crystal Blue နဲ့ Nebula Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။ နိုင်ငံအပေါ် မူတည်ကာ Kirin 710A နဲ့ Snapdragon 680 Chipset ထည့်သွင်းထားပြီး HarmonyOS 2.0 မောင်းနှင်ထားပါတယ်။ 64GB or 128GB Storage နဲ့ 4/6/8GB RAM ပါပါတယ်။

22.5W Charging ထောက်ပံ့တဲ့ 7,700mAh Battery တပ်ဆင်ထားပြီး စပီကာ ၄ လုံး ပါပါတယ်။ အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ထည့်သွင်းထားပြီး စာရေးဖို့၊ ပုံဆွဲဖို့နဲ့ မှတ်စု ရေးသားဖို့ Stylus ပါပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena