Apple ဟာ နှစ်တိုင်း MacBook အသစ်တွေကို မိတ်ဆက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် Apple Silicon M1 Chip ကို အသုံးပြုထားတဲ့ MacBook Air နဲ့ MacBook Pro 13-inch တွေကိုလည်း မကြာသေးခင်ကမှ မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ MacBook အသစ်တွေက Apple ရဲ့ ကိုယ်ပိုင် 5nm Architecture ကို အခြေခံထားတဲ့ M1 Chip ကို အသုံးပြုထားတယ်ဆိုပေမယ့် Design ပိုင်းအရတော့ ပြောင်းလဲထားခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် ယခင်ထွက်ရှိထားတဲ့ Intel Processor ပါဝင်တဲ့ MacBook Air 2020 နဲ့ MacBook Pro 13-inch 2020 Model တွေနဲ့ အပြင်ပန်းအရ အတူတူပဲလို့တောင် ပြောနိုင်ပါတယ်။

ဒါပေမယ့်လည်း Apple ဟာ မကြာခင်မှာတော့ MacBook တွေမှာ နည်းပညာအသစ်တွေကို ထပ်မံထည့်သွင်းလာတော့မယ့်ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် အခုနောက်ဆုံးသိရတဲ့သတင်းအရ Apple ကနေ Force Touch နည်းပညာပါဝင်တဲ့ Touch Bar ကို US Patent & Trademark Office မှာ မူပိုင်ခွင့်ရယူလိုက်တာကြောင့်ဖြစ်ပါတယ်။

Touch Bar ဟာ လက်ရှိ MacBook Air ကလွဲရင် MacBook Pro တွေအကုန်လုံးမှာ ပါဝင်နေတဲ့ Feature တစ်ခုဖြစ်ပြီး Keyboard Function Key တွေနေရာမှာ ထည့်သွင်းထားတဲ့ Touch Screen တစ်ခုဖြစ်ပါတယ်။ Force Touch နည်းပညာကလည်း ယခင် iPhone တွေရဲ့ 3D Touch နဲ့ MacBook တွေရဲ့ Trackpad တွေလိုမျိုး လက်နဲ့ဖိထားတဲ့ Pressure ကို သိရှိနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

ဖြစ်နိုင်တာကတော့ Apple ကနေ Touch Bar တွေကို မှားပြီးထိမိတာမျိုးမရှိအောင်နဲ့ Haptic ပိုင်းမှာ ပိုမိုကောင်းမွန်ဖို့အတွက် ပြင်ဆင်သွားမယ်လို့ ယူဆရပါတယ်။ ကျန်တဲ့ MacBook Air လိုမျိုး MacBook တွေမှာပါ Touch Bar ထည့်သွင်းလာနိုင်မလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China