Apple ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Power Button မှာ Fingerprint Sensor ကိုအသုံးပြုထားတဲ့ iPad Air 2020 အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီလိုမျိုးပဲ ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ iPhone SE 2020 ကလည်း Home Button နေရာမှာ Touch ID ပါဝင်တဲ့ iPhone 8 Design ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

အခုလည်း Apple ကနေ နောက်ထပ် Touch ID နည်းပညာတစ်ခုအတွက် မူပိုင်ခွင့်ရယူထားတာက အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Display ရဲ့ အောက်ဖက်မှာ Infrared (IR) Light Technology ကို အသုံးပြုပြီး Fingerprint ကို Scan ဖတ်ယူနိုင်မယ့် Under Display Fingerprint နည်းပညာပဲဖြစ်ပါတယ်။

Apple ဟာ အဆိုပါ Under Display Fingerprint Sensor နည်းပညာကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲက မူပိုင်ခွင့်တင်ထားခဲ့တာဖြစ်ပြီး အခုအချိန်ကြမှ US Patent and Trademark Office ကနေ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိ တခြားသော Under Display Fingerprint နည်းပညာတွေနဲ့ တူညီမလားဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။

Apple ရဲ့ မူပိုင်ခွင့်ထဲမှာတော့ အဆိုပါ Under Display Fingerprint နည်းပညာအတွက် “Shortwave Infrared Light” နည်းပညာကို ဦးစားပေးအသုံးပြုထားတယ်လို့ ပြောကြားထားခဲ့ပါတယ်။ အဆို Shortwave Infrared Light ကို Display အောက်ဖက်မှာရှိတဲ့ New Optical Imaging System ကနေ ထုတ်လွှတ်ပေးမှာဖြစ်ပြီး အသုံးပြုသူတဲ့ လက်ဗွေရာကို အလျှင်အမြန်ဖမ်းယူနိုင်မယ်လို့ သိရပါတယ်။

မကြာသေးခင်တုန်းက ထွက်ရှိထားတဲ့ iPhone 12 Series ဖုန်းတွေက Face ID ကိုပဲ ဆက်လက်အသုံးပြုထားပြီးတော့ နောက်ထွက်ရှိလာမယ့် iPhone တွေမှာလည်း Face ID ကိုပဲ အသုံးပြုသွားဦးမယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခု Under Display Touch ID Fingerprint Sensor ကို လာမယ့် iPhone SE လိုမျိုး ဖုန်းအသစ်တွေ ဒါမှမဟုတ် iPad အသစ်တွေမှာ အသုံးပြုလာနိုင်ခြေများနေပါတယ်။

Ref – Gizmo China