Unicode

Apple ကနေ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ iPhone 9 သို့မဟုတ် iPhone SE 2 နာမည်နဲ့ Budget iPhone တစ်လုံးကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ Apple အနေနဲ့ အဆိုပါ $475 ဝန်းကျင်နဲ့ ရောင်းချသွားမယ့် Budget iPhone ကို ရောင်းအားကောင်းမယ်လို့ ယူဆထားပုံပါပဲ။

ဘာကြောင့်လဲဆိုရင် Cowen Analyst and Managing Director ဖြစ်တဲ့ Krish Sankar ကနေ Apple ဟာ ဒီ ၂၀၂၀ ခုနှစ် ပထမဆုံး ၃ လပတ်အတွင်းမှာတင် iPhone SE 2 သို့မဟုတ် iPhone 9 အလုံးရေ ၆ သန်းအထိ ထုတ်လုပ်ဖို့ စီစဥ်ထားပြီးဖြစ်တယ်လို့ ပြောကြားလိုက်တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ ပမာဏဟာ iPhone ထုတ်လုပ်မှုတွေရဲ့ ၁၂ ရာခိုင်နှုန်းအထိ နေရာယူထားတာလည်းဖြစ်ပါတယ်။

ဒီပမာဏဟာ လက်ရှိ Apple ကနေ အဓိကရောင်းချနေတဲ့ iPhone 11 နဲ့ 11 Pro Series ဖုန်းတွေရဲ့ ပမာဏထက်တော့ များပြားခြင်းမရှိသေးဘဲ iPhone 11 နဲ့ 11 Pro ဖုန်းတွေဟာ ဒီနှစ် ပထမ ၃ လပတ်မှာ အလုံးရေ သန်း ၄၀ ကျော်အထိ ထုတ်လုပ်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စတုတ္ထ ၃ လပတ်မှာလည်း iPhone အလုံးရေ သန်း ၇၀ ကျော်ထုတ်လုပ်ခဲ့ပြီး အဲ့ဒီထဲက ၅၂ သန်းဟာ iPhone 11 နဲ့ 11 Pro Model တွေဖြစ်တယ်လို့လည်း သိရပါတယ်။

Sankar ရဲ့ ခန့်မှန်းချက်အရဆိုရင် ဒီနှစ် ၂၀၁၉ ခုနှစ် တတိယ ၃ လပတ်အပြီးမှာ Apple အနေနဲ့ iPhone အလုံးရေ ၁၉၅ သန်းအထိ ရောင်းချဖို့ခန့်မှန်းထားတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ 2020 iPhone Model အသစ်တွေကို အာရုံစိုက်သွားမယ့်ပုံစံပါပဲ။

Ref – GSMArena

Zawgyi

Apple ကေန လာမယ့္ ေဖေဖာ္ဝါရီလအတြင္းမွာ iPhone 9 သို႔မဟုတ္ iPhone SE 2 နာမည္နဲ႔ Budget iPhone တစ္လုံးကို မိတ္ဆက္သြားေတာ့မွာျဖစ္ပါတယ္။ Apple အေနနဲ႔ အဆိုပါ $475 ဝန္းက်င္နဲ႔ ေရာင္းခ်သြားမယ့္ Budget iPhone ကို ေရာင္းအားေကာင္းမယ္လို႔ ယူဆထားပုံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ Cowen Analyst and Managing Director ျဖစ္တဲ့ Krish Sankar ကေန Apple ဟာ ဒီ ၂၀၂၀ ခုႏွစ္ ပထမဆုံး ၃ လပတ္အတြင္းမွာတင္ iPhone SE 2 သို႔မဟုတ္ iPhone 9 အလုံးေရ ၆ သန္းအထိ ထုတ္လုပ္ဖို႔ စီစဥ္ထားၿပီးျဖစ္တယ္လို႔ ေျပာၾကားလိုက္တာေၾကာင့္ျဖစ္ပါတယ္။ အဆိုပါ ပမာဏဟာ iPhone ထုတ္လုပ္မႈေတြရဲ႕ ၁၂ ရာခိုင္ႏႈန္းအထိ ေနရာယူထားတာလည္းျဖစ္ပါတယ္။

ဒီပမာဏဟာ လက္ရွိ Apple ကေန အဓိကေရာင္းခ်ေနတဲ့ iPhone 11 နဲ႔ 11 Pro Series ဖုန္းေတြရဲ႕ ပမာဏထက္ေတာ့ မ်ားျပားျခင္းမရွိေသးဘဲ iPhone 11 နဲ႔ 11 Pro ဖုန္းေတြဟာ ဒီႏွစ္ ပထမ ၃ လပတ္မွာ အလုံးေရ သန္း ၄၀ ေက်ာ္အထိ ထုတ္လုပ္ဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

Apple ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ စတုတၳ ၃ လပတ္မွာလည္း iPhone အလုံးေရ သန္း ၇၀ ေက်ာ္ထုတ္လုပ္ခဲ့ၿပီး အဲ့ဒီထဲက ၅၂ သန္းဟာ iPhone 11 နဲ႔ 11 Pro Model ေတြျဖစ္တယ္လို႔လည္း သိရပါတယ္။

Sankar ရဲ႕ ခန္႔မွန္းခ်က္အရဆိုရင္ ဒီႏွစ္ ၂၀၁၉ ခုႏွစ္ တတိယ ၃ လပတ္အၿပီးမွာ Apple အေနနဲ႔ iPhone အလုံးေရ ၁၉၅ သန္းအထိ ေရာင္းခ်ဖို႔ခန္႔မွန္းထားတာျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ 2020 iPhone Model အသစ္ေတြကို အာ႐ုံစိုက္သြားမယ့္ပုံစံပါပဲ။

Ref – GSMArena