Apple က Powerbeats 4 လို့ နာမည်ပေးထားတဲ့ Wireless Headphones အသစ် ၁ ခုကိုထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ လက iOS Update 13.3.1 ကနေ နားကြပ်ရဲ့ ဒီဇိုင်းပုံတွေကို သိခဲ့ရပါတယ်။ အခုတော့ FCC ကနေ နားကြပ်ရဲ့ သတင်းအချက်အလက်တွေကို ပိုသိလာရပါပြီ။ မော်ဒယ်နံပါတ်က A2015 ဖြစ်ပြီး နိုဝင်ဘာလမှာ စတင် စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

FCC က Description မှာ “ A2015 ဟာ ဘက်ထရီ၊ မိုက်ကရိုဖုန်းနဲ့ အန်တင်နာပါတဲ့ ကြိုးမဲ့ နားကြပ် ဖြစ်ပါတယ်။ Bluetooth Devcie တွေက သီချင်းတွေကို ဖွင့်ပေးနိုင်ပါတယ်။ အားသွင်းဖို့အတွက် Lightning Connector နဲ့ Volume Up , Volume Down Buttons တွေ ထည့်သွင်းထားပါတယ်။ “ လို့ ရေးသားထားပါတယ်။

နားကြပ်ကို မကြာခင်မှာ ကြေညာနိုင်ပါတယ်။ တချို့သတင်းတွေအရ iPhone 9/ iPhone SE 2 နဲ့အတူ မိတ်ဆက်နိုင်တယ်လို့ ပြောကြပါတယ်။ TWS (True Wireless Stereo) တော့ မဟုတ်ဘဲ နားကြပ် ၂ ခုကို ကြိုးနဲ့ ဆက်သွယ်ထားပါတယ်။

Powerbeats Pro ဟာ TWS ဖြစ်ပြီး လက်ရှိမှာ ၂၄၉ ဒေါ်လာနဲ့ ရောင်းပေးထားပါတယ်။ မြန်မာငွေ ၃ သိန်း ၅ သောင်းလောက်ရှိပါတယ်။ Powerbeats ကို ၁၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၈ သောင်းလောက်ရှိပါတယ်။ လက်ရှိမျိုးဆက် Powerbeats တွေဟာ သီချင်းနားထောင်ရင် ၁၂ နာရီလောက် အသုံးခံပြီး နောက်မျိုးဆက်မှာ ဒီထက်ပိုကောင်းလာနိုင်ပါတယ်။

Ref : gsmarena