Unicode

Apple ဟာ ပုံမှန်အားဖြင့် နှစ်တစ်နှစ်ရဲ့ ဒုတိယနှစ်ဝက်ပိုင်းမှာပဲ Product အသစ်တွေကို မိတ်ဆက်နေကြဖြစ်ပါတယ်။ ဒါပေမယ့် Apple နဲ့ ပတ်သတ်တဲ့သတင်းတွေကို အမြဲတမ်းလိုလိုမှန်ကန်အောင် ခန့်မှန်းနိုင်တဲ့ Analyst Ming-Chi Kuo ကတော့ ဒီနှစ်မှာ Apple က အစဥ်အလာကို ချိုးဖောက်ပြီး Product အသစ်အများအပြားကို ပထမနှစ်ဝက်မှာတင် မိတ်ဆက်သွားမယ်လို့ ဆိုလိုက်ပါတယ်။

အခု Apple ကနေ ဒီ ၂၀၂၀ ပထမနှစ်ဝက်အတွင်းမှာ မိတ်ဆက်သွားမယ့် Product အသစ်တွေကတော့ AirTag ၊ Premium Bluetooth Headphone ၊ Wireless Charging Pad ၊ iPad Pro အသစ်တွေနဲ့ iPhone 9 ဖြစ်တယ်လို့ သိရပါတယ်။

အရင်ဆုံး AirTag ကတော့ ပြီးခဲ့တဲ့လတွေတုန်းက iOS 13 မှာပါဝင်တဲ့ Code ကနေ သိရှိခဲ့ရတာဖြစ်ပြီး မနှစ်တုန်းက အောက်တိုဘာလဝန်းကျင်မှာ မိတ်ဆက်မယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Ming-Chi Kuo ရဲ့ ခန့်မှန်းချက်အရတော့ အဆိုပါ AirTag အသစ်တွေဟာ လာမယ့် မတ်လကုန် သို့မဟုတ် ဇွန်လမတိုင်ခင်မှာ မိတ်ဆက်လာမှာဖြစ်ပြီး iPhone 11 Series တွေမှာပါဝင်တဲ့ U1 Ultrawide Band Chip ကို အဓိကအသုံးပြုသွားမှာဖြစ်ပါတယ်။

Premium Bluetooth Headphone ကတော့ လက်ရှိ Apple Product တွေအတွက် Highend Headphone တွေထုတ်လုပ်ပေးနေတဲ့ Beats အစား ကိုယ်ပိုင် Apple နာမည်နဲ့ မိတ်ဆက်လာမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Premium Bluetooth Headphone တွေဟာ AirPods Pro လိုမျိုးပဲ Active Noise Cancellation (ANC) အပြင် Always-on Siri Feature ပါ ပါဝင်လာမှာဖြစ်ပါတယ်။ ဒီ Bluetooth Headphone အသစ်တွေဟာ လက်ရှိ Beats ကနေ ရောင်းချနေတဲ့ Headphone တွေထက် ပိုပြီး စျေးနှုန်းမြင့်မားမှာဖြစ်သလို Audio Quality နဲ့ Design ပိုင်းမှာလည်း ပိုကောင်းမယ်လို့ သိရပါတယ်။

နောက်ထပ် Apple ကနေ မိတ်ဆက်လာနိုင်တဲ့ Product ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက iPhone X နဲ့အတူ တွဲဖက်ကြေညာခဲ့ပြီး တကယ်တမ်းမထုတ်လုပ်နိုင်ခဲ့တဲ့ AirPower ပုံစံ Wireless Charging Pad ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Apple ကနေ အဆိုပါ AirPower ထက် ပိုပြီး သေးငယ်တဲ့ Design နဲ့ ထုတ်လုပ်လာမှာဖြစ်ပြီး တစ်ကြိမ်ကို iPhone ၊ Apple Watch နဲ့ AirPods တွေထဲက Product တစ်မျိုးကိုပဲ အားသွင်းပေးနိုင်မှာပါ။

ကျန်တဲ့ Apple ကနေ မိတ်ဆက်မယ့် Product တွေကတော့ 2020 iPad Pro အသစ်တွေဖြစ်ပြီး အဆိုပါ iPad Pro တွေမှာ လက်ရှိ Apple iDevice တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာမယ့် A13X Bionic Chip ၊ 3D Sensing System အသစ်ပါဝင်လာမယ့် Triple Camera Setup တွေပါဝင်လာမှာဖြစ်ပါတယ်။ Apple အနေနဲ့ အဆိုပါ iPad Pro အသစ်တွေနဲ့အတူ 16-inch MacBook Pro မှာပါဝင်တဲ့ Scissor Switch အသုံးပြုထားတဲ့ Smart Keyboard အသစ်ကိုပါ မိတ်ဆက်လာမယ်လို့လည်း သတင်းတွေထွက်ရှိထားပါသေးတယ်။

နောက်ဆုံး Product ကတော့ Apple ကနေ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်မယ်ဆိုပြီး သတင်းထွက်ရှိနေတဲ့ iPhone 9 ပဲဖြစ်ပါတယ်။ အဆိုပါ iPhone 9 ဟာ ပြီးခဲ့တဲ့ iPhone 8 Design ကိုပဲ အသုံးပြုလာမှာဖြစ်ပေမယ့် A13 Bionic Chip ၊ iPhone 11 ရဲ့ Primary Camera တွေနဲ့ အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း ဒေါ်လာ ၄၀၀ ဝန်းကျင်ကနေ စတင်မှာဖြစ်တဲ့အတွက် ၂၀၂၀ အတွက် Budget iPhone ဖြစ်လာနိုင်ခြေများနေပါတယ်။

ယခု Apple Product တွေကတော့ Analyst Ming-Chi Kuo ကနေ ခန့်မှန်းခဲ့တဲ့ Product တွေသာဖြစ်ပြီး လက်ရှိသိထားရသလောက် iPhone 9 တစ်မျိုးထဲ ဒီ ပထမနှစ်ဝက်အတွင်းမှာ မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျန်တဲ့ Product တွေကို တကယ်ရော မိတ်ဆက်လာနိုင်မလားဆိုတာ ဆက်ပြီးစောင့်ကြည့်ရမှာပါ။

Ref – Phone Arena

Zawgyi

Apple ဟာ ပုံမွန္အားျဖင့္ ႏွစ္တစ္ႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္ပိုင္းမွာပဲ Product အသစ္ေတြကို မိတ္ဆက္ေနၾကျဖစ္ပါတယ္။ ဒါေပမယ့္ Apple နဲ႔ ပတ္သတ္တဲ့သတင္းေတြကို အၿမဲတမ္းလိုလိုမွန္ကန္ေအာင္ ခန္႔မွန္းႏိုင္တဲ့ Analyst Ming-Chi Kuo ကေတာ့ ဒီႏွစ္မွာ Apple က အစဥ္အလာကို ခ်ိဳးေဖာက္ၿပီး Product အသစ္အမ်ားအျပားကို ပထမႏွစ္ဝက္မွာတင္ မိတ္ဆက္သြားမယ္လို႔ ဆိုလိုက္ပါတယ္။

အခု Apple ကေန ဒီ ၂၀၂၀ ပထမႏွစ္ဝက္အတြင္းမွာ မိတ္ဆက္သြားမယ့္ Product အသစ္ေတြကေတာ့ AirTag ၊ Premium Bluetooth Headphone ၊ Wireless Charging Pad ၊ iPad Pro အသစ္ေတြနဲ႔ iPhone 9 ျဖစ္တယ္လို႔ သိရပါတယ္။

အရင္ဆုံး AirTag ကေတာ့ ၿပီးခဲ့တဲ့လေတြတုန္းက iOS 13 မွာပါဝင္တဲ့ Code ကေန သိရွိခဲ့ရတာျဖစ္ၿပီး မႏွစ္တုန္းက ေအာက္တိုဘာလဝန္းက်င္မွာ မိတ္ဆက္မယ္လို႔ ခန္႔မွန္းခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ Ming-Chi Kuo ရဲ႕ ခန္႔မွန္းခ်က္အရေတာ့ အဆိုပါ AirTag အသစ္ေတြဟာ လာမယ့္ မတ္လကုန္ သို႔မဟုတ္ ဇြန္လမတိုင္ခင္မွာ မိတ္ဆက္လာမွာျဖစ္ၿပီး iPhone 11 Series ေတြမွာပါဝင္တဲ့ U1 Ultrawide Band Chip ကို အဓိကအသုံးျပဳသြားမွာျဖစ္ပါတယ္။

Premium Bluetooth Headphone ကေတာ့ လက္ရွိ Apple Product ေတြအတြက္ Highend Headphone ေတြထုတ္လုပ္ေပးေနတဲ့ Beats အစား ကိုယ္ပိုင္ Apple နာမည္နဲ႔ မိတ္ဆက္လာမွာျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ Premium Bluetooth Headphone ေတြဟာ AirPods Pro လိုမ်ိဳးပဲ Active Noise Cancellation (ANC) အျပင္ Always-on Siri Feature ပါ ပါဝင္လာမွာျဖစ္ပါတယ္။ ဒီ Bluetooth Headphone အသစ္ေတြဟာ လက္ရွိ Beats ကေန ေရာင္းခ်ေနတဲ့ Headphone ေတြထက္ ပိုၿပီး ေစ်းႏႈန္းျမင့္မားမွာျဖစ္သလို Audio Quality နဲ႔ Design ပိုင္းမွာလည္း ပိုေကာင္းမယ္လို႔ သိရပါတယ္။

ေနာက္ထပ္ Apple ကေန မိတ္ဆက္လာႏိုင္တဲ့ Product ကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္းက iPhone X နဲ႔အတူ တြဲဖက္ေၾကညာခဲ့ၿပီး တကယ္တမ္းမထုတ္လုပ္ႏိုင္ခဲ့တဲ့ AirPower ပုံစံ Wireless Charging Pad ျဖစ္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ Apple ကေန အဆိုပါ AirPower ထက္ ပိုၿပီး ေသးငယ္တဲ့ Design နဲ႔ ထုတ္လုပ္လာမွာျဖစ္ၿပီး တစ္ႀကိမ္ကို iPhone ၊ Apple Watch နဲ႔ AirPods ေတြထဲက Product တစ္မ်ိဳးကိုပဲ အားသြင္းေပးႏိုင္မွာပါ။

က်န္တဲ့ Apple ကေန မိတ္ဆက္မယ့္ Product ေတြကေတာ့ 2020 iPad Pro အသစ္ေတြျဖစ္ၿပီး အဆိုပါ iPad Pro ေတြမွာ လက္ရွိ Apple iDevice ေတြထဲမွာ စြမ္းေဆာင္ရည္အေကာင္းဆုံးျဖစ္လာမယ့္ A13X Bionic Chip ၊ 3D Sensing System အသစ္ပါဝင္လာမယ့္ Triple Camera Setup ေတြပါဝင္လာမွာျဖစ္ပါတယ္။ Apple အေနနဲ႔ အဆိုပါ iPad Pro အသစ္ေတြနဲ႔အတူ 16-inch MacBook Pro မွာပါဝင္တဲ့ Scissor Switch အသုံးျပဳထားတဲ့ Smart Keyboard အသစ္ကိုပါ မိတ္ဆက္လာမယ္လို႔လည္း သတင္းေတြထြက္ရွိထားပါေသးတယ္။

ေနာက္ဆုံး Product ကေတာ့ Apple ကေန လာမယ့္ ေဖေဖာ္ဝါရီလအတြင္းမွာ မိတ္ဆက္မယ္ဆိုၿပီး သတင္းထြက္ရွိေနတဲ့ iPhone 9 ပဲျဖစ္ပါတယ္။ အဆိုပါ iPhone 9 ဟာ ၿပီးခဲ့တဲ့ iPhone 8 Design ကိုပဲ အသုံးျပဳလာမွာျဖစ္ေပမယ့္ A13 Bionic Chip ၊ iPhone 11 ရဲ႕ Primary Camera ေတြနဲ႔ အဆင့္ျမႇင့္တင္လာမွာျဖစ္ပါတယ္။ ေစ်းႏႈန္းအေနနဲ႔လည္း ေဒၚလာ ၄၀၀ ဝန္းက်င္ကေန စတင္မွာျဖစ္တဲ့အတြက္ ၂၀၂၀ အတြက္ Budget iPhone ျဖစ္လာႏိုင္ေျခမ်ားေနပါတယ္။

ယခု Apple Product ေတြကေတာ့ Analyst Ming-Chi Kuo ကေန ခန္႔မွန္းခဲ့တဲ့ Product ေတြသာျဖစ္ၿပီး လက္ရွိသိထားရသေလာက္ iPhone 9 တစ္မ်ိဳးထဲ ဒီ ပထမႏွစ္ဝက္အတြင္းမွာ မိတ္ဆက္ဖို႔ရွိေနတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ က်န္တဲ့ Product ေတြကို တကယ္ေရာ မိတ္ဆက္လာႏိုင္မလားဆိုတာ ဆက္ၿပီးေစာင့္ၾကည့္ရမွာပါ။

Ref – Phone Arena