ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြင်သစ်ရဲ့ အမျိုးသား Frequency အေဂျင်စီ (ANFR) က ဥရောပ သမဂ္ဂက သတ်မှတ်ထားတာထက်ပိုတဲ့ လျှပ်စစ် သံလိုက်လှိုင်းတွေ ထုတ်လွှင့်တဲ့အတွက် iPhone 12 ရောင်းချတာကို ပိတ်ပင်ခဲ့ပါတယ်။ Specific Absorption Rate (SAR) ဟာ သတ်မှတ် ပမာဏထက် ကျော်လွန်နေလို့ဖြစ်ပါတယ်။

iPhone 12: Should You Buy? Reviews, Everything We Know

အေဂျင်စီက အဲဒီ ပြဿနာကို လျှင်မြန်စွာ ဖြေရှင်းဖို့ Apple ကို ပြောခဲ့ပါတယ်။ ဒါမှမဟုတ်ရင် ပြင်သစ်မှာ ရောင်းချထားတဲ့ iPhone 12 အားလုံးကို ပြန်လည် ရုတ်သိမ်းဖို့ ပြောခဲ့ပါတယ်။ အခုတော့ Apple က အဲဒီ ပြဿနာကို Software Update နဲ့ ဖြေရှင်းပေးမယ်လို့ တုန့်ပြန်လိုက်ပါတယ်။

Apple ရဲ့ Software Update ဟာ ဘယ်လို အလုပ်လုပ်မလဲ ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် Apple က ပြင်သစ် အေဂျင်စီရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်စေမယ်လို့ ယုံကြည်ထားပါတယ်။

iPhone 12 review: In 2021, it's still an excellent buy - CNET

ဘယ်လ်ဂျီယမ်၊ ဂျာမနီနဲ့ အီတလီက အာဏာပိုင်တွေကလည်း ဥရောပ သမဂ္ဂ တစ်ခုလုံးမှာ ဒီပြဿနာကို ဖြေရှင်းပေးဖို့ Apple ကို တောင်းဆိုထားပါတယ်။ ပြင်သစ် အစိုးရက Apple က Software Update ကို ဖြန့်ချိပြီးနောက်မှာ iPhone 12 ကို ထပ်မံ စမ်းသပ်မယ်လို့ ပြောပါတယ်။ သတ်မှတ် SAR ပမာဏကို မကျော်ရင် iPhone 12 ကို ပြင်သစ်မှာ ပြန်လည် ရောင်းချခွင့်ပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena