Apple က တန်ဖိုးနည်း Pencil ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။ Apple ရဲ့ တရုတ် ဝက်ဘ်ဆိုက်မှာ Apple Pencil ကို မိတ်ဆက်ထားပြီး အောက်ကို ဆင်းကြည့်ရင် ကုမ္ပဏီဟာ Apple iPad (2022) ရဲ့ မော်ဒယ်အသစ်ကိုလည်း ကြေညာထားတာ တွေ့ရပါတယ်။ အဲဒီ တက်ဘလက် အသစ်ဟာ တရုတ် အတွက်ပဲ ဖြစ်ပြီး Apple က တရုတ်မှာပဲ တိတ်တဆိတ် ကြေညာလိုက်တာလို့ ထင်ပါတယ်။

Apple quietly launches iPad (2022) with eSIM in China

တက်ဘလက်ဟာ 5G Version ဖြစ်ပြီး eSIM ကို ထောက်ပံ့ထားပါတယ်။ အရင်မော်ဒယ်မှာတော့ nano-SIM Card ထည့်သွင်း အသုံးပြုရတာ ဖြစ်ပါတယ်။ အခုတော့ Physical Card မလိုတော့ဘဲ eSIM ကို အသုံးပြုနိုင်ပါပြီ။ China Unicom Subscriber တွေပဲ eSIM ကို တက်ဘလက်မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Apple Announces Updated iPad 10 With eSIM Support in China - MacRumors

Apple ဟာ မြောက်အမေရိက၊ ဥရောပ၊ အိန္ဒိယနဲ့ တခြား နိုင်ငံတွေမှာ eSIM ပါတဲ့ iPad (2022) ကို ရောင်းချထားပြီးသား ဖြစ်ပါတယ်။ အဲဒါကြောင့် အခု တက်ဘလက်ကို တရုတ်မှာပဲ ကြေညာလိုက်တာပါ။ တရုတ်မှာ eSIM ရတဲ့ တက်ဘလက် များများစားစား မရှိဘဲ iPhone တွေမှာလည်း Physical SIM Card တွေကို ထည့်သွင်း အသုံးပြုရတာ ဖြစ်ပါတယ်။ Apple က အမေရိကန်မှာပဲ eSIM-Only iPhone တွေကို ရောင်းချပေးထားတာပါ။

တရုတ်မှာ iPad (2022) 5G Version 64GB ကို ၄,၈၀၀ ယွမ်နဲ့ WiFi Only Version ကို ၃,၆၀၀ ယွမ် သတ်မှတ်ထားပါတယ်။ 256GB 5G Version ဟာ ၆,၀၀၀ ယွမ် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena