Apple ကနေ iOS အသုံးပြုထားတဲ့ စမတ်ဖုန်းတွေအပါအဝင် တခြားသော Apple Device တွေအတွက် iOS 15.0.2 Update ကို ထပ်မံထုတ်ပေးလိုက်ပါပြီ။ ယခု iOS 15.0.2 Update ဟာ Apple ရဲ့ Major iOS 15 Update အပြီး ဒုတိယမြောက် Update ဖြစ်ပြီး အစောပိုင်းတုန်းက ကြုံတွေ့နေရတဲ့ iOS 15 ရဲ့ Bug တွေကို ဖြေရှင်းပေးထားတယ်လို့ သိရပါတယ်။

iOS 15.0.2 Update မှာ ဖြေရှင်းပေးထားတဲ့ Bug တွေကတော့ Messages တစ်ခု ဒါမှမဟုတ် Message Thread ကို Remove လုပ်လိုက်တာနဲ့ Save ထားတဲ့ ဓါတ်ပုံတွေပါ ပျက်သွားတာတွေ၊ iPhone Leather Wallet with MagSafe က Find My Network ကို ချိတ်ဆက်နိုင်ခြင်းမရှိတာ၊ AirTag ကို Find My Item Tab မှာ မပေါ်တာ၊ CarPlay Error ဖြစ်တာနဲ့ iPhone 13 Model တွေအတွက် Finder သို့မဟုတ် iTunes အသုံးပြုပြီး Device Restore သို့မဟုတ် Update ပြုလုပ်နိုင်ခြင်းမရှိတာတွေကို ဖြေရှင်းပေးထားတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ယခု Update ဟာ ကျိန်းသေ Update ပြုလုပ်စရာတော့ မလိုအပ်ပေမယ့်လည်း အထက်ပါ ပြဿနာတွေကို ကြုံတွေ့နေရတယ်ဆိုရင်တော့ Update ပြုလုပ်သင့်ပါတယ်။ Apple ဟာ iOS 15 Stable Update ကို ထုတ်ပေးထားတယ်ဆိုပေမယ့် လက်ရှိအချိန်အထိ တချို့သောနေရာနဲ့ App တွေမှာ ပြဿနာတက်နေတုန်းပဲဖြစ်ပါတယ်။

တစ်ဖက်မှာတော့ Apple Watch အတွက် watchOS 8.0.1 Update ဟာ Watch Series 3 တွေအတွက် Bug Fix တွေအဓိကပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါကတော့ Apple Watch Series 3 မှာ Software Update Process ကို မှန်ကန်စွာပြသနိုင်ခြင်းမရှိတာနဲ့ Accessibility Settings ကို မှန်ကန်စွာဖော်ပြနိုင်ခြင်းမရှိတာကို ဖြေရှင်းပေးထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခု iOS 15.0.2 နဲ့ watchOS 8.0.1 Update တွေကို အခုပဲ Download ပြုလုပ်နိုင်နေပြီလို့သိရပါတယ်။

Ref – GSM Arena