Apple ကနေ iOS Device တွေဖြစ်တဲ့ iPhone နဲ့ iPad တွေအတွက် iOS နဲ့ iPadOS 13.4 ကို တရားဝင် Stable Update ထုတ်ပေးလိုက်ပါပြီ။ အခု Update ဟာ iPad တွေအတွက်တော့ Trackpad Support ပါဝင်လာတဲ့အတွက် ကြီးမားတဲ့ Update တစ်ခုလို့ ပြောလို့ရပါတယ်။

အဲ့ဒီအတွက် လက်ရှိ iPad Pro ဖြစ်စရာမလိုဘဲ iPadOS 13.4 ကို Update ပြုလုပ်နိုင်တဲ့ iPad တွေအကုန်လုံးမှာ Bluetooth သို့မဟုတ် USB Mouse နဲ့ Trackpad တွေကို တွဲပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ယခင်တုန်းကလိုမျိုး မဟုတ်တော့ဘဲ Mouse Pointer အသစ်အနေနဲ့ အသုံးပြုနိုင်မယ့်အပြင် UI Element တွေပေါ်ကိုရောက်သွားတာနဲ့ တန်းပြီး Button တွေကို နှိပ်ရလွယ်အောင်လည်း ပုံစံပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Apple Trackpad လိုမျိုးနဲ့အသုံးပြုမယ်ဆိုရင် Gesture တွေကိုပါ အသုံးပြုနိုင်ဦးမှာပါ။

အခု iPad OS 13.4 Update ဟာ မကြာသေးခင်တုန်းက iPad Pro 2020 အသစ်နဲ့အတူ မိတ်ဆက်ခဲ့တဲ့ Trackpad ပါဝင်တဲ့ Magic Keyboard Accessory အသစ်အတွက် တွဲဖက်ထုတ်ပေးထားတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး iPad အားလုံးအတွက်ရရှိလာတဲ့အတွက်နောက်ပိုင်းမှာ Trackpad ပါဝင်တဲ့ Third-party Keyboard တွေကိုလည်း မြင်တွေ့ရလာနိုင်ခြေများနေပါတယ်။

ကျန်တဲ့ပြောင်းလဲမှုတွေအနေနဲ့ကတော့ Files App မှာ iCloud Drive Folder Sharing Feature ပါဝင်လာတာ၊ Memoji အသစ် ၉ မျိုး နဲ့ Mail App မှာ Always-Visible Control အသစ်တွေပါဝင်လာတွေဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Apple CarPlay မှာ Third-party Navigation App Support ၊ Third-party Cookie တွေကို Block လုပ်နိုင်ပြီဖြစ်တဲ့ Safari နဲ့ တခြား Feature Update တွေပါဝင်လာတယ်လို့ သိရပါတယ်။

အခု iPadOS နဲ့ iOS 13.4 Update အပြင် tvOS နဲ့ HomePod အတွက်လည်း 13.4 Update ၊ Apple Watch အတွက် watchOS 6.2 Update ၊ macOS Catalina 10.15.4 Update အသစ်တွေကိုပါ အသီးသီးထုတ်ပေးခဲ့တာဖြစ်ပါတယ်။

Ref – GSM Arena