Apple ဟာ ဒီလ အစောပိုင်းက iPhone SE အသစ်ကို ကြေညာခဲ့ပြီး ရောင်းချပေးလိုက်ပါပြီ။ ဒါပေမယ့် ကုမ္ပဏီဟာ မျှော်လင့်ထားသလောက် ရောင်းအား မကောင်းနိုင်ဘူးလို့ တွက်ဆထားပုံရပါတယ်။

Apple iPhone SE (2022) Review: Powerful but Dated | WIRED

အာရှက ထွက်လာတဲ့ သတင်းအရ Apple ဟာ ဒီနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်း အလုံးရေ ၂ သန်း ကနေ ၃ သန်း လျှော့ချထုတ်လုပ်ဖို့ Supplier များစွာကို ပြောထားတယ်လို့ သိရပါတယ်။ အဲဒီအတွက် မူလ စီစဉ်ထားတာထက် iPhone SE 2022 ကို ၂၀ ရာခိုင်နှုန်း ဝန်းကျင် လျှော့ချထုတ်လုပ်မှာ ဖြစ်ပါတယ်။

Buy iPhone SE - Apple (UK)

ကမ္ဘာ့ ငွေကြေး ဖောင်းပွမှုနဲ့ ယူကရိန်းက စစ်ပွဲတွေကြောင့် အီလက်ထရောနစ် ကိရိယာတွေ အပေါ် လူတွေ စိတ်ဝင်စားမှု နည်းပါးလာတာက အခုလို iPhone SE ကို လျှော့ချထုတ်လုပ်တဲ့ အခြေအနေ ဖြစ်လာတာလို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူက Nikkei Asia ကို ပြောပါတယ်။

Apple ဟာ ၂၀၂၂ ခုနှစ်မှာ နားကြပ်ရောင်းအား မကောင်းနိုင်ဘူးလို့ ခန့်မှန်းထားတဲ့အတွက် AirPods ကို အလုံးရေ ၁၀ သန်းကျော် လျှော့ချထုတ်လုပ်မယ်လို့လည်း သတင်းထွက်နေပါတယ်။ Apple ဟာ အရင်နှစ်က AirPods အလုံးရေ ၇၆.၈ သန်း ရောင်းချနိုင်ခဲ့တယ်လို့ Counterpoint Research ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ထုတ်လုပ်မှု လျှော့ချမှာ ဖြစ်တဲ့အတွက် ရောင်းအားကျဆင်းသွားမှာပါ။

Apple ဟာ iPhone 13 ဖုန်းတွေကို မူလ စီစဉ်ထားတာထက် အလုံးရေ ၂ သန်း လျှော့ချထုတ်လုပ်ဖို့ Supplier တွေကို ပြောထားပါတယ်။

Ref : gsmarena