Apple ဟာ လက်ရှိအချိန်မှာ iPhone တွေအပြင် iPad ၊ Mac ကွန်ပျူတာတွေအကုန်လုံးအတွက် Chipset တွေကို ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး သုံးနေတာဖြစ်ပါတယ်။ ဒါပေမယ့် Wireless ချိတ်ဆက်မှုတွေအတွက် Chip တွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ တခြားသော ကုမ္ပဏီတွေကနေ ဝယ်ယူအသုံးပြုနေရပါတယ်။

Apple ဟာ အခုလိုမျိုး အပြင်ကုမ္ပဏီတွေကနေ Chip တွေ ဝယ်ယူနေရမှုကို လျော့ချဖို့အတွက် အကုန်လုံးကို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ကြိုးစားနေပါတယ်။ Wireless Chip တွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့အတွက် Intel ဆီကနေ Wireless Chip Unit ကို ဒေါ်လာ ၁ ဘီလီယံပေးပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဝယ်ယူခဲ့ပါတယ်။

အစပိုင်းတုန်းက Apple ဟာ Wi-Fi နဲ့ Bluetooth Chip တွေအတွက် ကိုယ်ပိုင် Wireless Chip ကို ၂၀၂၅ ခုနှစ်မှာ အစောဆုံးပြောင်းလဲအသုံးပြုသွားမယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ကြီး Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ရဲ့ နောက်ဆုံးပြောကြားချက်အရ အဆိုပါ Wi-Fi Chip ထုတ်လုပ်နေမှုကို Apple က ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ဒါကြောင့် လောလောဆယ်မှာ Apple Device တွေမှာ Broadcom က ထုတ်လုပ်တဲ့ Wi-Fi Chip တွေကိုပဲ ဆက်လက်အသုံးပြုနေဦးမှာဖြစ်ပါတယ်။ Apple က အခုလို Wi-Fi Chip ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တာက Wi-Fi Chip အစား 5G Modem ကို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ကို ပိုပြီး ဦးစားပေးလိုက်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် Apple ဟာ နောက်ပိုင်းမှာ Wi-Fi နဲ့ Bluetooth ကို Chip တစ်ခုတည်းအနေနဲ့ ပေါင်းစပ်ထားမယ့် Wireless Chip ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး လောလောဆယ်အချိန်တစ်ခုအတွက်ပဲ ရပ်ဆိုင်းထားတာဖြစ်ပါတယ်။

Ref – GSM Arena

https://www.youtube.com/watch?v=tdNaPkCzoNYhttps://www.youtube.com/watch?v=tdNaPkCzoNY