91Moblie က ဖော်ပြတဲ့သတင်းအရ Apple ဟာ စုစုပေါင်း မော်ဒယ်နံပါတ် ၇ ခုပါဝင်တဲ့ Apple devices ၃ ခုကို အိန္ဒိယဈေးကွက်ထဲ တင်ပို့တော့မယ်လို့သိရပါတယ်။ အချိန်ကတော့ Apple ရဲ့ နွေဦး Event မှာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ စမ်းသပ်မှုအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ စက်မှုနယ်ပယ်ရဲ့အတွင်းသတင်းရင်းမြစ်တွေအရ ဒီ Devices ၃ ခုမှာ ဘတ်ဂျက် iPhone, ဘတ်ဂျက် iPad နဲ့ iPad Air တို့ပါဝင်နေပြီး ဖြစ်နိုင်ခြေရှိတာကတော့ Refreshed model တွေလို့ ဆိုပါတယ်။ SKUs ၇ ခုရှိတဲ့အနက် သုံးခုဟာ မထွက်ရှိသေးတဲ့ iPhone တွေနဲ့ တူညီတယ်လို့ ဆိုပါတယ်။ ပုံစံကတော့ ကောလာဟလထွက်ထားတဲ့ Third-generation iPhone SE နဲ့ နီးစပ်နေတဲ့ပုံစံပါ။

iPhone မော်ဒယ်ကို A2595, A2783 နဲ့ A2784 စတဲ့ မော်ဒယ်နံပါတ်တွေအောက်မှာ တင်သွင်းခဲ့တဖြစ်ပြီး သွင်းကုန်အခွန်မဆောင်ခင်တန်ဖိုးဟာ INR 23,000 ($306) ဖြစ်တယ်လို့ သိရပါတယ်။ နောက်တစ်ခုဖြစ်တဲ့ iPad Air ကတော့ မော်ဒယ်နံပါတ် A2588, A2589 တွေနဲ့ ဖြစ်နိုင်ခြေရှိကြောင်း ရည်ညွှန်းဖော်ပြထားပါတယ်။ ဒါဟာ ပြန်လည်ဆန်းသစ်ထားတဲ့ iPad Air မော်ဒယ်ဖြစ်တယ်လို့ ယူဆရပါတယ်။

iPad Air ရဲ့ ဖြစ်နိုင်ဖွယ်ဈေးနှုန်းက INR 37,500 ($500) နဲ့ INR 52,300 ($697) ကြား ဖြစ်မယ်လို့ ဆိုပါတယ်။ အခြား iPad မော်ဒယ်နံပါတ်နှစ်ခုကတော့ A2757 နဲ့ A2761 တို့ ဖြစ်ဖွယ်ရှိပြီး ဈေးနှုန်း INR 22,500 ($300) ဝန်းကျင်မှာရှိတဲ့ ဘတ်ဂျက် iPad နဲ့ ကိုက်ညီနေတယ်လို့ သိရပါတယ်။

အခုဖော်ပြထားတဲ့ ဈေးနှုန်းတွေအားလုံးဟာ ဖြစ်နိုင်ဖွယ်ရှိတဲ့ သွင်းကုန်အခွန်တွေမပါဝင်တာကြောင့် အကြမ်းဖျင်းဈေးနှုန်းအဖြစ်ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့တဲ့ iPhone SE ရဲ့ 5G ဗားရှင်း သတင်းတွေအရ ဒီဟန်းဆက်ဟာ A15 Bionic chipset နဲ့အတူ ဧပြီ၊ ဒါမှမဟုတ် မေလမှာ မိတ်ဆက်လာမယ်လို့ သိရပါတယ်။ သူနဲ့အတူ ဆန်းသစ်ထားတဲ့ iPad Air လည်း ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဒီ Devices တွေဟာ အိန္ဒိယဈေးကွက်ထဲကို စမ်းသပ်တဲ့အနေနဲ့ စတင်ဖြန့်ချိတယ်လို့ ယူဆရပေမဲ့ အမှန်တကယ် အကောင်အထည်ပေါ်လာမယ်၊ မပေါ်လာဘူးဆိုတာကိုအတည်ပြုဖို့ တိကျခိုင်လုံတဲ့အထောက်အထား မရှိသေးတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena