Apple ဟာ ဒီနှစ် စက်တင်ဘာလမှာ iPhone 13 Series စမတ်ဖုန်းတွေကို ရောင်းချခဲ့ပြီး အခုတော့ လအနည်းငယ်အတွင်းမှာပဲ Apple ဟာ အိန္ဒိယဈေးကွက်မှာ iPhone 13 မော်ဒယ်တွေကို စတင် ထုတ်လုပ်နေပြီလို့ သိရပါတယ်။

Apple iPhone 13 All Colors Featured

Apple ရဲ့ မိတ်ဖက် ကုမ္ပဏီ Foxconn ဟာ အိန္ဒိယ နိုင်ငံ Tamil Nadu ရှိ Chennai အနားက စက်ရုံမှာ iPhone 13 ကို စတင် စမ်းသပ် ထုတ်လုပ်နေပြီလို့ သတင်းထွက်လာပါတယ်။

iPhone 13 models compared: Every difference between the iPhone 13, Mini,  Pro and Pro Max - CNET

Apple ဟာ အိန္ဒိယမှာ iPhone 13 Pro နဲ့ 13 Pro Max မော်ဒယ်တွေကို မထုတ်လုပ်ဘဲ ရိုးရိုး iPhone 13 မော်ဒယ်ကိုပဲ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ရိုးရိုး iPhone 13 မော်ဒယ်ဟာ ရောင်းအား အကောင်းဆုံးလို့ သိရပါတယ်။

ကုမ္ပဏီရဲ့ အစီအစဉ်အတိုင်းသာ ဖြစ်လာမယ်ဆိုရင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက စတင်ကာ အိန္ဒိယနဲ့ နိုင်ငံတကာအတွက် iPhone 13 ကို အိန္ဒိယကနေ ထုတ်လုပ်ရောင်းချနိုင်မှာပါ။

iPhone 13 ကို အိန္ဒိယမှာ ထုတ်လုပ်ဖို့အတွက် လက်ရှိ တစ်ကမ္ဘာလုံးမှာ ပြတ်တောက်နေတဲ့ Semiconductor အစိတ်အပိုင်းတွေကို Apple က ဝယ်ယူထားပြီးပါပြီ။ အိန္ဒိယမှာ ထုတ်လုပ်တဲ့ iPhone တွေရဲ့ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းကို တခြားနိုင်ငံတွေမှာ ရောင်းချမှာပါ။

Apple ဟာ Tamil Nadu က စက်ရုံမှာ iPhone 11 ၊ iPhone 12 နဲ့ Bengaluru က Wistron စက်ရုံမှာ iPhone SE ကို ထုတ်လုပ်နေပါတယ်။ Apple အိန္ဒိယမှာ ရောင်းချတဲ့ စမတ်ဖုန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို အဲဒီ နိုင်ငံမှာပဲ ထုတ်လုပ်တာ ဖြစ်ပါတယ်။

Ref : gizmochina