[Zawgyi]

ဇြန္လက WWDC မွာ ေၾကညာခဲ့တဲ့ iOS 13 ကို Apple က တရား၀င္ ျဖန္႔ခ်ိေပးလိုက္ပါၿပီ။ iOS 13 မွာ System-wide Dark Mode , Apple Arcade နဲ႔ Memoji Customization အသစ္ ပါလာပါတယ္။ ဒါ့အျပင္ Maps နဲ႔ Photos App အသစ္ေတြ ထည့္သြင္းထားပါတယ္။ iOS Keyboard မွာ Swipe Typing ပါလာၿပီး Face ID က ၃၀ ရာခုိင္ႏႈန္း ပိုျမန္လာပါတယ္။

iOS 13 ကို ေအာက္ပါ Devices ၁၅ လံုးမွာ ရရွိမွာ ျဖစ္ပါတယ္။

Phone 11

iPhone 11 Pro

iPhone 11 Pro Max

iPhone XS

iPhone XS Max

iPhone XR

iPhone X

iPhone 8

iPhone 8 Plus

iPhone 7

iPhone 7 Plus

iPhone 6s

iPhone 6s Plus

iPhone SE

iPod touch (7th gen)

iOS 13 မရတဲ့ ဖုန္းေတြထဲမွာ iPhone 5S, iPhone 6, iPhone 6 Plus နဲ႔ မၾကာခင္က ေၾကညာခဲ့တဲ့ ဆဌမမ်ိဳးဆက္ iPod Touch ေတြ ပါ၀င္ပါတယ္။

iPadOS ရရွိမယ့္ တက္ဘလက္မ်ားကို ေအာက္မွာ ေဖာ္ျပထားပါတယ္။

• iPad Pro (12.9-inch)
• iPad Pro (11-inch)
• iPad Pro (10.5-inch)
• iPad Pro (9.7-inch)
• iPad (sixth generation)
• iPad (fifth generation)
• iPad mini (fifth generation)
• iPad mini 4
• iPad Air (third generation)
• iPad Air 2

မူလမ်ိဳးဆက္ iPad Air နဲ႔ iPad mini 2 တို႔ကေတာ့ iPadOS ကို မရရွိေတာ့ပါဘူး။

Apple က iOS 13 အျပင္ Watch Series 3 နဲ႔ 4 အတြက္ watchOS 6 ကိုလည္း စတင္ ျဖန္႔ခ်ိေပးလိုက္ပါတယ္။ Watch Series 1 နဲ႔ 2 တို႔က ဒီႏွစ္ေႏွာင္းပိုင္းမွာ ရရွိမွာ ျဖစ္ပါတယ္။ Apple က မူလက ျဖန္႔ခ်ိဖို႔ စီစဥ္ထားတဲ့ ရက္ထက္ ၆ ရက္ေစာၿပီး စက္တင္ဘာလ ၂၄ ရက္မွာ iPadOS နဲ႔ iOS 13.1 ကို ျဖန္႔ခ်ိမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Apple က iOS 13 ကို ဖြန့်ချိလိုက်ပြီ

ဇွန်လက WWDC မှာ ကြေညာခဲ့တဲ့ iOS 13 ကို Apple က တရားဝင် ဖြန့်ချိပေးလိုက်ပါပြီ။ iOS 13 မှာ System-wide Dark Mode , Apple Arcade နဲ့ Memoji Customization အသစ် ပါလာပါတယ်။ ဒါ့အပြင် Maps နဲ့ Photos App အသစ်တွေ ထည့်သွင်းထားပါတယ်။ iOS Keyboard မှာ Swipe Typing ပါလာပြီး Face ID က ၃၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။

iOS 13 ကို အောက်ပါ Devices ၁၅ လုံးမှာ ရရှိမှာ ဖြစ်ပါတယ်။

• Phone 11
• iPhone 11 Pro
• iPhone 11 Pro Max
• iPhone XS
• iPhone XS Max
• iPhone XR
• iPhone X
• iPhone 8
• iPhone 8 Plus
• iPhone 7
• iPhone 7 Plus
• iPhone 6s
• iPhone 6s Plus
• iPhone SE
• iPod touch (7th gen)

iOS 13 မရတဲ့ ဖုန်းတွေထဲမှာ iPhone 5S, iPhone 6, iPhone 6 Plus နဲ့ မကြာခင်က ကြေညာခဲ့တဲ့ ဆဌမမျိုးဆက် iPod Touch တွေ ပါဝင်ပါတယ်။ သူတို့တွေဟာ အရင်နှစ်က iOS 12 ကို ရရှိခဲ့တာပါ။


iPadOS ရရှိမယ့် တက်ဘလက်များကို အောက်မှာ ဖော်ပြထားပါတယ်။
• iPad Pro (12.9-inch)
• iPad Pro (11-inch)
• iPad Pro (10.5-inch)
• iPad Pro (9.7-inch)
• iPad (sixth generation)
• iPad (fifth generation)
• iPad mini (fifth generation)
• iPad mini 4
• iPad Air (third generation)
• iPad Air 2
မူလမျိုးဆက် iPad Air နဲ့ iPad mini 2 တို့ကတော့ iPadOS ကို မရရှိတော့ပါဘူး။ သူတို့တွေဟာ ယခင်နှစ်က iOS 12 ကို ရရှိခဲ့တာပါ။

Apple က iOS 13 အပြင် Watch Series 3 နဲ့ 4 အတွက် watchOS 6 ကိုလည်း စတင် ဖြန့်ချိပေးလိုက်ပါတယ်။ Watch Series 1 နဲ့ 2 တို့က ဒီနှစ်နှောင်းပိုင်းမှာ ရရှိမှာ ဖြစ်ပါတယ်။ Apple က မူလက ဖြန့်ချိဖို့ စီစဉ်ထားတဲ့ ရက်ထက် ၆ ရက်စောပြီး စက်တင်ဘာလ ၂၄ ရက်မှာ iPadOS နဲ့ iOS 13.1 ကို ဖြန့်ချိမှာ ဖြစ်ပါတယ်။

Ref : gsmarena