“ထိတွေ့မျက်နှာပြင်တွေဟာ အလုပ်မဖြစ်ပါဘူး။ ဒါတွေဟာ တော်တော် ဆိုးပါတယ်။” အဲဒါဟာ Steve Jobs ၂၀၁၀ ခုနှစ် အောက်တိုဘာလ MacBook Pro ကို မိတ်ဆက်ပွဲမှာ ပြောခဲ့တဲ့ နာမည်ကျော် စကား ဖြစ်ပါတယ်။ အခုတော့ Apple ဟာ ထိတွေ့မျက်နှာပြင်ပါတဲ့ iPhone , iPad တွေကို ထုတ်လုပ်ရောင်းချနေပါပြီ။ ဒါပေမယ့် ထိတွေ့မျက်နှာပြင်ပါတဲ့ လက်ပ်တော့ကိုတော့ ထုတ်လုပ်ရောင်းချခြင်း မရှိသေးပါဘူး။

Apple rumored to be working on a touchscreen MacBook

အခုတော့ Bloomberg News က Apple ဟာ ထိတွေ့မျက်နှာပြင်ပါတဲ့ MacBook ကို ဖန်တီးနေပြီး ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။

MacBook Pro 13-inch - Apple

ထိတွေ့မျက်နှာပြင်ပါတဲ့ MacBook စီမံကိန်းဟာ အခုမှ အစောပိုင်း အဆင့်မှာ ရှိနေပြီး သတင်းထွက်နေတဲ့ OLED MacBook ဟာ ထိတွေ့မျက်နှာပြင်ပါတဲ့ ပထမဆုံး Macs တွေထဲက ၁ လုံး ဖြစ်မယ်လို့ Bloomberg ရဲ့ Mark Gurman က ပြောပါတယ်။ အဲဒီ လက်ပ်တော့ ဒီဇိုင်းဟာ အရင်က MacBook တွေနဲ့ တူညီမှာ ဖြစ်ပေမယ့် ထိတွေ့မျက်နှာပြင် စွမ်းရည် ပါလာမှာပါ။

Apple ဟာ အရင်ကလည်း ထိတွေ့မျက်နှာပြင်ပါတဲ့ လက်ပ်တော့တွေကို စမ်းသပ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်က Craig Federighi နဲ့ အင်တာဗျူးမှာ Apple က လက်ပ်တော့တွေမှာ တိကျတဲ့ Multi-touch Trackpad နဲ့ Keyboard Inputs တွေပါတဲ့အတွက် ထိတွေ့မျက်နှာပြင်တွေဟာ အသုံးမဝင်ပါဘူးလို့ ပြောခဲ့ဖူးပါတယ်။

Ref : gsmarena