Apple ကနေ လက်ရှိအချိန်မှာ TSMC ကနေ ထုတ်လုပ်ပေးတဲ့ ARM Chip Architecture ကို အခြေခံထားတဲ့ A Series Chipset တွေကို iPhone နဲ့ iDevice တွေမှာ အသုံးပြုနေတာဖြစ်ပါတယ်။ မကြာခင်မှာလည်း အဆိုပါ ARM Architecture ကို အခြေခံထားတဲ့ Apple Silicon Processor တွေကို MacBook တွေမှာ အသုံးပြုသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့် iPhone 12 Series ဖုန်းတွေကလည်း ပထမဆုံးအနေနဲ့ 5nm Architecture ကို အခြေခံထားတဲ့ A14 Bionic Chipset ကိုပါ အသုံးပြုလာမှာပါ။ အဲ့ဒီအတွက် ဒီနှစ်ရဲ့ iPhone 12 Series ဖုန်းတွေကလည်း စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဆုံးဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

အခုလည်း Chinese Publication တစ်ခုဖြစ်တဲ့ Commercial Times ကနေ Apple ဟာ လာမယ့် ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းက စတင်ပြီးတော့ GPU ပိုင်းကိုပါ ကိုယ်တိုင်ထုတ်လုပ်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါ GPU တွေဟာ 5nm Architecture ကိုပဲအခြေခံထားမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm ရဲ့ Adreno နဲ့ Mali GPU တွေထက် ပိုကောင်းနိုင်ဖွယ်ရှိနေပါတယ်။

Apple ရဲ့ ကိုယ်ပိုင် GPU အသစ်ဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ထွက်ရှိလာမယ့် iPad Pro မှာ စတင်ပါဝင်လာဖွယ်ရှိနေပါတယ်။ အဆိုပါ iPad Pro အသစ်ဟာ A14X Bionic Chip ကိုအသုံးပြုလာမှာဖြစ်ပြီး 5nm Architecture ကိုပဲ အခြေခံထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ A14X Bionic Chip ဟာ MacBook အသစ်တွေမှာပါ အသုံးပြုလာဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ဟာ အခုအချိန်မှာ Software ပိုင်းတင်မဟုတ်ဘဲ Device အကုန်လုံးအတွက် Hardware ပိုင်းကိုပါ အကုန်လုံးကို ကိုယ်တိုင်ဆောင်ရွက်သွားမယ့်ပုံစံပါပဲ။

Ref – Phone Arena