Jefferies ရဲ့ လေ့လာဆန်းစစ်သူတွေက Apple ရဲ့ ရောင်းအားဟာ တရုတ်မှာ ကျဆင်းနေပြီး ၂၀၂၄ ခုနှစ်မှာလည်း ဆက်လက် ကျဆင်းနိုင်တယ်လို့ ပြောကြောင်း Bloomberg က ရေးသားထားပါတယ်။ iPhone 15 Series ဟာ အစောပိုင်းကတည်းက ရောင်းအားမကောင်းဘဲ အရင်နှစ်ကထက် ရောင်းအား ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

Will Apple (AAPL) Move More of Its Supply Chain Out of China? - Bloomberg

Huawei ကတော့ Mate 60 Series ကြောင့် တရုတ်မှာ ရောင်းအားကောင်းနေပြီး မိခင် နိုင်ငံမှာ အလွန်အောင်မြင်နေတယ်ဆိုတာ သက်သေပြနေပါတယ်။

Huawei Mate 60 Pro ကို ကြေညာအပြီး ၂ ပတ်အကြာမှာ iPhone 15 Series ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ လေ့လာဆန်းစစ်သူတွေက တရုတ်ထုတ် Processor ပါတဲ့ Huawei ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းကို မျိုးချစ်စိတ်ကြောင့် တရုတ် လူမျိုးတွေက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်လို့ သုံးသပ်ပါတယ်။ ကုမ္ပဏီက အဲဒီ Processor အကြောင်းကိုတော့ မပြောသေးပါဘူး။

Apple blames China for revenue fall

Jefferies က Huawei ဟာ ဖုန်း အလုံးရေ ၃၅ သန်း ရောင်းချနိုင်ခဲ့ပြီး Supply တချို့ မပြတ်တောက်ရင် ဒီထက်ပိုရောင်းအားကောင်းမယ်လို့ တွက်ချက်ထားပါတယ်။

Apple ကတော့ ၂၀၂၃ ခုနှစ်မှာ တရုတ်မှာ ရောင်းအား ကျဆင်းခဲ့သလို ၂၀၂၄ ခုနှစ်မှာလည်း ရောင်းအား ဆက်လက် ကျဆင်းမယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။

Ref: gsmarena