Apple ဟာ သူ့ရဲ့ Software ထဲက ကြီးမားတဲ့အားနည်းချက်ကို ပြင်ဆင်ဖို့အတွက် အရေးပေါ် Software Update ကိုထုတ်လွှတ်ခဲ့ပါတယ်။ လုံခြုံရေးသုတေသနတွေရဲ့ရှာဖွေတွေ့ရှိချက်အရ အားနည်းချက်ဟာ ကလစ်တစ်ချက်နဲ့တင် အစ္စရေးရဲ့ NSO Group က Spyware ကို iPhone, Apple Watch, Mac တွေထဲကို ဝင်ခွင့်ပြုလိုက်တာလို့ သိရပါတယ်။

Citizen Lab က ဆိုက်ဘာလုံခြုံရေးသုတေသီတွေရဲ့ တွေ့ရှိချက်အရ iPhone တွေဟာ NSO Group ရဲ့ Spyware ကူးစက်မှုခံထားရပြီး Apple ကတော့ ဒီပြဿနာအတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက အပြင်းအထန်ကြိုးစားဖြေရှင်းနေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ရက်သတ္တပတ်အကြာမှာ အရေးပေါ် Software Update ကို ထုတ်လွှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Spyware ကို Pegasus လို့သိရပြီး iPhone အသုံးပြုသူပိုင်ရှင်မသိလိုက်ရဘဲ ဖုန်းထဲကို ကူးစက်ဝင်ရောက်သွားနိုင်တာ ဖြစ်ပါတယ်။ iPhone ထဲကို Pegasus ဝင်ရောက်ပြီးသွားတာနဲ့ ကင်မရာနဲ့ မိုက်ခရိုဖုန်းကို ထိန်းချုပ်ခံလိုက်ရတာဖြစ်ပါတယ်။ ဒါ့အပြင် Messages, texts, emails နဲ့ ဖုန်းခေါ်ဆိုမှုတွေကိုလည်း ဖမ်းယူထားနိုင်ပြီး NSO ရဲ့ ဖောက်သည်တွေဖြစ်တဲ့ ကမ္ဘာအနှံ့က အစိုးရတွေဆီ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

“iPhone ပိုင်ရှင်က သူ့ရဲ့ဖုန်းမှာ ဘာမဆိုလုပ်နိုင်သလိုမျိုး Spyware ကလည်း အကုန်လုပ်နိုင်ပါတယ်” လို့ Citizen Lab က Senior researcher John Scott-Railton က ဆိုပါတယ်။ Zero-click-capability ကြောင့် Text ဒါမှမဟုတ် Email ကတစ်ဆင့်ပေးပို့တဲ့ သံသယဖြစ်ဖွယ် Link တွေလိုမျိုးမဟုတ်တဲ့အတွက် iPhone မှာ Spyware ဝင်ရောက်နေပြီဖိုတဲ့ Tell-tale sign ကို ပုံမှန်အတိုင်းလက်ခံရရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အထူးသတိပြုရမှာက iPhone ထဲကို Pegasus ဝင်ရောက်ထားပြီဆိုရင် Signal လိုမျိုး Apps တွေက Encrypted messages တွေကိုတောင် ကာကွယ်နိုင်မှုမရှိဘူးဆိုတဲ့အချက်ပါပဲ။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ ဒီနေ့ထုတ်ပေးလိုက်တဲ့ iOS 14.8 software update ကို မြန်နိုင်သမျှမြန်မြန် အသုံးပြုသင့်တယ်လို့ Apple က နှိုးဆော်ထားပါတယ်။

Ref: Phone Arena