ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီတွေက ထုတ်တဲ့ ပစ္စည်းတွေမှာတောင် ချွတ်ယွင်းချက်တွေ ပါလာတတ်ကြပါတယ်။ အခုလည်း Apple က Powerbeats 2 မှာ ချွတ်ယွင်းချက်တွေ ပါတဲ့အတွက် လျော်ကြေးပေးဖို့ သဘောတူညီလိုက်ပါတယ်။ Apple က ၂၀၁၄ ထုတ် အဲဒီ နားကြပ်တွေမှာ အပြစ်အနာအဆာ ပါတယ်လို့တော့ ဝန်မခံပါဘူး။ တရားရုံးမှာ အမှုရင်ဆိုင်စရာ မလိုဘဲ လျော်ကြေးငွေ ဒေါ်လာ ၉.၇၅ သန်းကို နစ်နာတဲ့ ဝယ်ယူထားသူတွေကို ပေးမှာပါ။

Apple က အဲဒီနားကြပ်တွေဟာ ချွေးနဲ့ ရေစိုခံနိုင်ပြီး အကြမ်းခံတယ်လို့ ကြော်ငြာရောင်းချခဲ့တာ ဖြစ်ပါတယ်။ သုံးစွဲသူတွေက အဲဒီအရာတွေဟာ ပြဿနာ မရှိဘဲ နားကြပ်ဟာ ခဏလေး သုံးလိုက်တာနဲ့ အားကုန်သွားတာက ပြဿနာလို့ ပြောပါတယ်။

အမေရိကန်မှာ နေထိုင်ပြီး ဩဂုတ်လ ၇ ရက်မတိုင်ခင် Powerbeats 2 ဝယ်ယူထားသူတွေဟာ Form ဖြည့်ပြီးနောက်မှာ လျော်ကြေးငွေ ၁၈၉ ဒေါ်လာရမှာပါ။ ဒါ့ပေမယ့် ဝယ်ယူထားတဲ့ သက်သေ အထောက်အထားနဲ့ ပြင်ဆင်ထားမှု မရှိမှဘဲ လျော်ကြေးငွေ ရရှိမှာပါ။

တရားရုံးက  လျော်ကြေးငွေ ဒေါ်လာ ၉.၇၅ သန်းဟာ လုံလောက်ရဲ့လားဆိုတာ စစ်ဆေးအပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ နောက်ဆုံး အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

Ref : gsmarena