Apple က ဇွန်လ ၆ ရက်နေ့မှာ ကျင်းပမယ့် World Wide Developer Conference ရဲ့ အခမ်းအနား အစီအစဉ်တွေကို မျှဝေလိုက်ပါတယ်။

Apple shares WWDC 2022 schedule, keynote is on the first day, usual time

ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း WWDC မှာ Developer တွေကို ပွဲတက်ခွင့်ပေးတဲ့ ပထမဆုံး အခမ်းအနား ဖြစ်လာပါတယ်။ အွန်လိုင်းကနေလည်း ပွဲကို ပြသမှာ ဖြစ်ပြီး Apple ရဲ့ ဝက်ဘ်ဆိုက်၊ Developer App ၊ Apple TV နဲ့ YouTube တို့ကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

WWDC 2022: Five new software features we expect Apple to unveil

ဇွန်လ ၆ ရက်နေ့  နံနက် ၁၀ နာရီအချိန်မှာ Apple ရဲ့ ပလက်ဖောင်းများစွာရဲ့ Software သတင်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။

နေ့လည် ၂ နာရီမှာ Developer တွေ သူတို့ရဲ့ App တွေအတွက် Tools အသစ်တွေ၊ နည်းပညာတွေနဲ့ လုပ်ဆောင်ချက်တွေကို ကြားသိရမယ့် Platforms State of the Union ကို ကြေညာမှာ ဖြစ်ပါတယ်။

ညနေ ၅ နာရီအချိန်မှာ Apple ရဲ့ Design Awards ကို ပြုလုပ်ကာ အခမ်းအနားကို ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

Apple ရဲ့ WWDC 2022 မှာ iOS 16, iPadOS 16 , watchOS 9 နဲ့ နောက်မျိုးဆက် macOS တို့ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena