Apple ကနေ တရုတ်နိုင်ငံမှာရှိတဲ့ Physical Store တွေ၊ Corporate Office ၊ Contact Center တွေအကုန်လုံးကို လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ ပိတ်သိမ်းထားမယ်လို့ ကြေညာလိုက်ပါပြီ။ ဒါက လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်လို့ လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) ကြောင့်ပဲဖြစ်ပါတယ်။
ယခင်တုန်းက Apple ကနေ တချို့သော Apple Store တွေကို ပိတ်သိမ်းခဲ့ပေမယ့် အခုအချိန်မှာ တနိုင်ငံလုံးမှာရှိတဲ့ Store တွေအပြင် ရုံးတွေကိုပါ ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။ တဖက်မှာတော့ Apple Online Store က ဆက်လက်ဖွင့်လှစ်ထားဦးမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Apple ကနေ မကြာခင်မိတ်ဆက်သွားမယ့် iPhone 9 ထုတ်လုပ်မှုဟာ ဝူဟန်ဗိုင်းရပ်စ်ကြောင့်ထိခိုက်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ Apple iPhone တွေကို ထုတ်လုပ်သူဖြစ်တဲ့ Foxconn ကနေ အဆိုပါသတင်းဟာမှားယွင်းကြောင်းပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာဆိုရင် iPhone 9 ဟာ Trial Production ကိုပါ စတင်နေပြီဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Apple အပါအဝင် Xiaomi ၊ Google နဲ့ ကုမ္ပဏီအများအပြားက ဝူဟန်ဗိုင်းရပ်စ်ကြောင့် ရုံးတွေနဲ့ Offline Store တွေကို ပိတ်သိမ်းနေပြီဖြစ်တဲ့အတွက် ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲဆိုတာက စိုးရိမ်စရာပါ။
Ref – GSM Arena