Unicode

Apple ကနေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ iPhone XS နဲ့ iPhone XS Max ဖုန်းတွေကို Official Refurbished အနေနဲ့ စတင်ရောင်းချနေပါပြီ။ စျေးနှုန်းတွေအနေနဲ့ကတော့ iPhone XS 64GB ကို $699 ၊ 256GB ကို $829 နဲ့ 512GB ကိုတော့ $999 ကျသင့်မှာဖြစ်ပါတယ်။ တကယ်လို့ iPhone XS Max ကို ရွေးချယ်မယ်ဆိုရင်တော့ ဒေါ်လာ ၁၀၀ ပိုမှာဖြစ်ပြီး 64GB ကို $799 ၊ 256GB ကို $929 နဲ့ 512GB ကို $1,099 ကျသင့်မှာပါ။

အခုစျေးနှုန်းတွေဟာ အသစ်ရောင်းချတုန်းကထက် အနည်းဆုံး ဒေါ်လာ ၃၀၀ ကနေ ဒေါ်လာ ၃၅၀ လောက်အထိ သက်သာမှာဖြစ်ပါတယ်။ နောက်ပြီး Apple ကိုယ်တိုင်ကနေရောင်းချတာဖြစ်တဲ့အတွက် Errors တွေရှိမရှိကို အကုန်လုံး စစ်ဆေးပြီးဖြစ်သလို Packaging ကိုလည်း Accessories တွေကအစ အသစ်ပြန်လည်ထုတ်ပိုးပေးထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အပြင်ပန်း ဖုန်း Chassis နဲ့ Battery ကလည်း လုံးဝအသစ်ဖြစ်တဲ့အတွက် အတွင်းပိုင်း Component တွေကလွဲရင် အကုန်အသစ်လို့တောင် ပြောနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Flagship iPhone XS နဲ့ XS Max တွေကို Second Hand အစား စျေးသက်သက်သာသာနဲ့ ဝယ်ချင်တယ်ဆိုရင်တော့ ဒီ Official Refurbished Version တွေက ရွေးချယ်စရာဖြစ်မှာပါ။

Ref – GSM Arena

Zawgyi

Apple ကေန ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းက မိတ္ဆက္ခဲ့တဲ့ iPhone XS နဲ႔ iPhone XS Max ဖုန္းေတြကို Official Refurbished အေနနဲ႔ စတင္ေရာင္းခ်ေနပါၿပီ။ ေစ်းႏႈန္းေတြအေနနဲ႔ကေတာ့ iPhone XS 64GB ကို $699 ၊ 256GB ကို $829 နဲ႔ 512GB ကိုေတာ့ $999 က်သင့္မွာျဖစ္ပါတယ္။ တကယ္လို႔ iPhone XS Max ကို ေ႐ြးခ်ယ္မယ္ဆိုရင္ေတာ့ ေဒၚလာ ၁၀၀ ပိုမွာျဖစ္ၿပီး 64GB ကို $799 ၊ 256GB ကို $929 နဲ႔ 512GB ကို $1,099 က်သင့္မွာပါ။

အခုေစ်းႏႈန္းေတြဟာ အသစ္ေရာင္းခ်တုန္းကထက္ အနည္းဆုံး ေဒၚလာ ၃၀၀ ကေန ေဒၚလာ ၃၅၀ ေလာက္အထိ သက္သာမွာျဖစ္ပါတယ္။ ေနာက္ၿပီး Apple ကိုယ္တိုင္ကေနေရာင္းခ်တာျဖစ္တဲ့အတြက္ Errors ေတြရွိမရွိကို အကုန္လုံး စစ္ေဆးၿပီးျဖစ္သလို Packaging ကိုလည္း Accessories ေတြကအစ အသစ္ျပန္လည္ထုတ္ပိုးေပးထားတာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ အျပင္ပန္း ဖုန္း Chassis နဲ႔ Battery ကလည္း လုံးဝအသစ္ျဖစ္တဲ့အတြက္ အတြင္းပိုင္း Component ေတြကလြဲရင္ အကုန္အသစ္လို႔ေတာင္ ေျပာႏိုင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Flagship iPhone XS နဲ႔ XS Max ေတြကို Second Hand အစား ေစ်းသက္သက္သာသာနဲ႔ ဝယ္ခ်င္တယ္ဆိုရင္ေတာ့ ဒီ Official Refurbished Version ေတြက ေ႐ြးခ်ယ္စရာျဖစ္မွာပါ။

Ref – GSM Arena