တစ်ကမ္ဘာလုံး ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရက်စ်ကြောင့် iPhone အစိတ်အပိုင်းတွေ လဲလှယ်ပေးဖို့ ပစ္စည်းပြတ်နေတဲ့အကြောင်း Apple က သူ့ဝန်ထမ်းတွေကို အကြောင်းကြားထားတယ်လို့ Bloomberg က ပြောပါတယ်။
အမည်မသိရတဲ့ Apple Store ဝန်ထမ်း ၁ ယောက်က ကုမ္ပဏီဟာ လာမယ့် ၂ ပတ်ကနေ ၄ ပတ်အတွင်းမှာ အရမ်း ထိခိုက်ပျက်ဆီးနေတဲ့ iPhone တွေကို ပြင်ဆင်ပေးဖို့ ပစ္စည်းနည်းပါးနေကြောင်း Apple Technicians တွေကို သတိပေးထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် Bloomberg က တချို့ Apple Store တွေမှာ လဲလှယ်ပေးဖို့ ပစ္စည်း လုံးဝ မရှိတော့ဘူးလို့ ပြောပါတယ်။
Apple ဟာ တတ်နိုင်သလောက် အစိတ်အပိုင်းတွေကို လဲလှယ်ပေးမှာ ဖြစ်ပေမယ့် ပြင်လို့ မရတဲ့ iPhone တွေအတွက်တော့ အစားထိုးပေးမယ်လို့ သိရပါတယ်။ Apple ဟာ ကိုရိုနာဗိုင်းရက်စ်ကြောင့် ဝန်ထမ်းတွေ တရုတ်၊ တောင်ကိုရီးယားနဲ့ အီတလီ သွားတာကို တားမြစ်ထားပြီး အစည်းအဝေးတွေကိုလည်း အွန်လိုင်းကနေပဲ ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။ Apple ဟာ တရုတ်မှာ စတိုး ၃၈ ခုကို ပြန်ဖွင့်ထားပေမယ့် ၄၂ ခုကို ပိတ်ထားပါတယ်။ ကုမ္ပဏီဟာ မြင်ကွင်းကျယ် ကင်မရာ ထုတ်လုပ်ပေးမယ့် အရန် ကုမ္ပဏီ ၁ ခုကိုလည်း ရှာနေတယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။
Ref : gsmarena