[Unicode]

Bloomberg ရဲ့ဖော်ပြချက်အရ Apple ဟာ ကုမ္ပဏီရဲ့ iPhone, iPad chip designer ဟောင်း Gerard Williams III ကို စာချူပ်ပါ စည်းမျဥ်းစည်းကမ်းတွေကို ချိူးဖောက်တဲ့အတွက် တရားစွဲလိုက်တယ်လို့ သိရပါတယ်။ Williams ဟာ Apple မှာ ၉ နှစ်ကြာအလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ A7 SoC ကနေ A12x chipset အထိ ဒီဇိုင်းအဖွဲ့ကို ဦးဆောင်ခဲ့တာပါ။

Williams ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက Apple ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး နည်းပညာကုမ္ပဏီကြီးတွေ အသုံးပြုတဲ့ SoC တွေကို ဒီဇိုင်းရေ:ဆွဲတဲ့အလုပ် ဆက်လုပ်ခဲ့ပါတယ်။ သူဟာ Nuvia အမည်နဲ့ ကုမ္ပဏီတစ်ခုကို ထူထောင်ခဲ့ပါတယ်။ Silicon ဒီဇိုင်းကို Reimagine လုပ်ပြီး ပရိုဆက်ဆာအသစ်တစ်ခုဖန်တီးမယ်လို့လည်း ကြေညာလိုက်ပါတယ်။

Williams ကတော့ သူ Apple နဲ့ချုပ်ဆိုခဲ့တဲ့စာချုပ်အရ ဝန်ထမ်းတစ်ယောက်ဟာ အခြားစီးပွားရေ:အလုပ်တစ်ခု တည်ထောင်မယ်ဆိုရင် ခွင့်ပြုတယ်ဆိုတဲ့အချက်ပါဝင်ကြောင်း အခိုင်အမာပြောဆိုနေပါတယ်။ ဒီအတွက် Williams ရဲ့ ရှေ့နေကတော့ Apple ရဲ့ တရားစွဲဆိုမှုကို ပယ်ဖျက်ပေးဖို့ လျှောက်ထားခဲ့ပါတယ်။

စန်တာကလာရာကောင်တီ အထက်တရားရုံး တရားသူကြီး Mark Pierce ကတော့ “ဝန်ထမ်းအနေနဲ့ အလုပ်ရှင်ဆီက ရင်းမြစ်ကိုယူပြီး လုပ်ငန်းယှဉ်ပြိုင်မှုပြုလုပ်ဖို့ စီစဉ်လာခြင်းကို ဥပဒေကခွင့်မပြုဘူး” လို့ ပြောပါတယ်။ ဒါပေမယ့် လတ်တလောအခြေအနေအရတော့ Williams ဟာ Apple ကို ထိခိုက်စေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

Williams ကတော့ Nuvia ကို ထူထောင်ပြီးတဲ့နောက် ကုမ္ပဏီအနေနဲ့ ဒေါ်လာ ၅၃ သန်း ရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ကြေညာခဲ့ပါတယ်။ Apple ကတော့ ဒီလိုလုပ်ရပ်မျိုးကို တရားဥပဒေက ခွင့်ပြုပေးလိုက်မယ်ဆိုရင် တီထွင်ဆန်းသစ်မှုကို ပြုလုပ်နေတဲ့ အခြားကုမ္ပဏီတွေအတွက်လည်း ဆိုးရွားတဲ့အခြေအနေတွေကို ကြုံတွေ့လာစေနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: Phone Arena

[Zawgyi]

ကုမၸဏီရဲ႕ iPhone နဲ႔ iPad ေတြရဲ႕ Chip ဒီဇိုင္နာေဟာင္းကို တရားစြဲဆိုေနတဲ့ Apple

Bloomberg ရဲ႕ေဖာ္ျပခ်က္အရ Apple ဟာ ကုမၸဏီရဲ႕ iPhone, iPad chip designer ေဟာင္း Gerard Williams III ကို စာခ်ဴပ္ပါ စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဴးေဖာက္တဲ့အတြက္  တရားစြဲလိုက္တယ္လို႔ သိရပါတယ္။ Williams ဟာ Apple မွာ ၉ ႏွစ္ၾကာအလုပ္လုပ္ခဲ့တာျဖစ္ပါတယ္။ သူဟာ A7 SoC ကေန A12x chipset အထိ ဒီဇိုင္းအဖြဲ႕ကို ဦးေဆာင္ခဲ့တာပါ။

Williams ဟာ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလတုန္းက Apple ကေန ထြက္ခြာခဲ့တာျဖစ္ၿပီး နည္းပညာကုမၸဏီႀကီးေတြ အသုံးျပဳတဲ့ SoC ေတြကို ဒီဇိုင္းေရ:ဆြဲတဲ့အလုပ္ ဆက္လုပ္ခဲ့ပါတယ္။ သူဟာ Nuvia အမည္နဲ႔ ကုမၸဏီတစ္ခုကို ထူေထာင္ခဲ့ပါတယ္။ Silicon ဒီဇိုင္းကို Reimagine လုပ္ၿပီး ပ႐ိုဆက္ဆာအသစ္တစ္ခုဖန္တီးမယ္လို႔လည္း ေၾကညာလိုက္ပါတယ္။

Williams ကေတာ့ သူ Apple နဲ႔ခ်ဳပ္ဆိုခဲ့တဲ့စာခ်ဳပ္အရ ဝန္ထမ္းတစ္ေယာက္ဟာ အျခားစီးပြားေရ:အလုပ္တစ္ခု တည္ေထာင္မယ္ဆိုရင္ ခြင့္ျပဳတယ္ဆိုတဲ့အခ်က္ပါဝင္ေၾကာင္း အခိုင္အမာေျပာဆိုေနပါတယ္။ ဒီအတြက္ Williams ရဲ႕ ေရွ႕ေနကေတာ့ Apple ရဲ႕ တရားစြဲဆိုမႈကို ပယ္ဖ်က္ေပးဖို႔ ေလွ်ာက္ထားခဲ့ပါတယ္။

စန္တာကလာရာေကာင္တီ အထက္တရား႐ုံး တရားသူႀကီး Mark Pierce ကေတာ့ “ဝန္ထမ္းအေနနဲ႔ အလုပ္ရွင္ဆီက ရင္းျမစ္ကိုယူၿပီး လုပ္ငန္းယွဥ္ၿပိဳင္မႈျပဳလုပ္ဖို႔ စီစဥ္လာျခင္းကို ဥပေဒကခြင့္မျပဳဘူး” လို႔ ေျပာပါတယ္။ ဒါေပမယ့္ လတ္တေလာအေျခအေနအရေတာ့ Williams ဟာ Apple ကို ထိခိုက္ေစဖို႔ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ျပဳလုပ္ခဲ့တယ္ဆိုတာကို သက္ေသျပႏိုင္ျခင္းမရွိဘူးလို႔ သိရပါတယ္။

Williams ကေတာ့ Nuvia ကို ထူေထာင္ၿပီးတဲ့ေနာက္ ကုမၸဏီအေနနဲ႔ ေဒၚလာ ၅၃ သန္း ရရွိခဲ့တယ္လို႔ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက ေၾကညာခဲ့ပါတယ္။ Apple ကေတာ့ ဒီလိုလုပ္ရပ္မ်ိဳးကို တရားဥပေဒက ခြင့္ျပဳေပးလိုက္မယ္ဆိုရင္ တီထြင္ဆန္းသစ္မႈကို ျပဳလုပ္ေနတဲ့ အျခားကုမၸဏီေတြအတြက္လည္း ဆိုး႐ြားတဲ့အေျခအေနေတြကို ႀကဳံေတြ႕လာေစႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

Ref: Phone Arena