Apple က နောက်တစ်ပတ်ထွက်မယ့် iOS 16 Update မှာ ကြီးကြီးမားမား Bug တွေကို ပြင်ဆင်ပေးတော့မှာပါ။ အဲဒီအထဲမှာ App တချို့ကို သုံးတဲ့အခါ ကင်မရာ တုန်ခါတာ၊ Copy & Paste လုပ်တဲ့အခါ App ကို Permission ပေးမလားလို့ User ကို မကြာခဏမေးမြန်းတဲ့ Bug နဲ့ တခြား Bug တွေ ပါဝင်ပါတယ်။

iPhone 14 pro space black and deep purple colors

အရေးကြီး ဒေတာတွေ သိမ်းထားတဲ့ Clipboard ကို App တွေက ဖတ်တဲ့အခါ Permission ပေးမလားလို့ မကြာခဏမေးတာဟာ User ရဲ့ Privacy ကို ကာကွယ်ဖို့အတွက် Apple က ရည်မှန်းထားတာပါ။ ဒါပေမယ့် မကြာခဏ မေးမြန်းနေဖို့ မရည်ရွယ်ထားပါဘူး။

iOS 16 Developer နဲ့ Public Beta Build တွေဟာ တည်ငြိမ်တယ်လို့ ထင်ရပေမယ့် အဲဒီမှာ မတွေ့ခဲ့တဲ့ Bug တွေဟာ Stable Version မှာ တွေ့ရတတ်ပါတယ်။ တချို့ ပြဿနာတွေဟာ User အားလုံးမှာ မဖြစ်တတ်တဲ့ သဘာဝလည်း ရှိပါတယ်။

iPhone 14 Pro's camera is shaking but a fix is on the way | NextPit

ကင်မရာ တုန်ခါတဲ့ ပြဿနာဟာလည်း အဲဒီအတိုင်း ဖြစ်ပြီး အစောပိုင်း သုံးစွဲသူ တချို့က လူမှုကွန်ရက်တွေမှာ ရေးသားထားကြပါတယ်။ TikTok , Snapchat နဲ့ Instagram တို့လို ဓါတ်ပုံ မျှဝေတဲ့ App တချို့ရဲ့ Build-in ကင်မရာနဲ့ ရိုက်တဲ့အခါမှာ ဗီဒီယိုတွေ တုန်ခါနေတယ်ဆိုတာ User တွေက တွေ့ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ iPhone 14 Pro နဲ့ Pro Max အသစ်တွေဟာ ကျယ်လောင်တဲ့ အသံတွေထွက်လာကြပါတယ်။ ဒီပြဿနာဟာ Apple ရဲ့ First-party App ကို သုံးတဲ့အခါမှာ မဖြစ်ပွားကြပေမယ့် ပြဿနာဟာ ဆော့ဖ်ဝဲမှာ ရှိနေတာပါ။ ဒါဟာ User အားလုံးမှာ ဖြစ်နေတာ မဟုတ်ပေမယ့် Apple က User တချို့မှာ ဒီပြဿနာ ဘာလို့ ဖြစ်သလဲဆိုတာ မရှင်းပြသေးပါဘူး။

iPhone 14 Pro User တချို့က iCloud ကနေ Restore လုပ်တဲ့အခါနဲ့ iPhone အဟောင်းကနေ ဒေတာတွေ ကူးတဲ့အခါ သူတို့ ဖုန်းတွေဟာ တုန့်ပြန်မှု မရှိတော့ဘူးလို့ ပြောကြပါတယ်။ အဲဒီပြဿနာကိုလည်း နောက်ထွက်မယ့် Update မှာ ဖြေရှင်းပေးမှာပါ။

Apple က နောက်တစ်ပတ် ဘယ်နေ့ ဖြန့်ချိမလဲဆိုတာ မပြောသေးပါဘူး။ သင့်မှာ ဒီပြဿနာတွေ တွေ့နေရရင် iPhone Settings ထဲသွားပြီး Update ရပြီလားဆိုတာ စစ်ဆေးနိုင်ပါတယ်။

Ref : techcrunch